လူရယ်လိြု့ဖစ်လာရင် အချစ်ဆို တာကို မခံစားတတ်သူ မရှိသ လောက်
ရှားမယ်ထင်ပါတယ်။
တချို့ ကတော့လည်း ပိုင်ဆိုင်ရမှအချစ်၊ မပိုင်ဆိုင်ရဘဲ
ခွင့်လွှတ်အနစ်နာခံ တာကိုလည်း
အချစ်လို့ဆိုပြန်ပါ တယ်။ အချစ်ဒဿနဆ ရာတွေက အချစ်ကိုအမျိုးမျိုး
အဓိပ္ပာယ်ဖွင့်ဆို ကြသလိုချစ်ခြင်းနဲ့ အိမ်ထောင်ပြု ခြင်းကြားမှာ
ဘယ်လိုဆက်နွယ်မှု တွေရှိနေလဲ အနုပညာရှင်တွေကို တီးခေါက်ကြည့်တဲ့အခါ...
မြင်မြင်ချင်းချစ်တယ်ဆိုတဲ့ ခံစားမှု ခံစားဖူးတယ်
မြင်မြင်ချင်းချစ်တယ်ဆိုတဲ့ခံ စားမှုမျိုး ၀ါဆိုခံစားဖူးတယ်။
ငယ် ငယ်တုန်းကတွေ့ပြီးတော့ သဘော ကျသွားတာ။ မြင်မြင်ချင်းချစ်တယ် ဆိုတာ
တကယ်ရှိတယ်။ အဲဒီတုန်း ကတော့ ကိုယ်ကမိန်းကလေးဆို တော့ သူ့ကိုဘာပြောရမှာလဲ။
ကိုယ့် ဘာသာကိုယ် ကြိတ်ပြီးသဘောကျ နေ တာမျိုးပေါ့နော်။ ငယ်ငယ်တုန်း ကတော့
စိတ်ကစားတဲ့အရွယ်ဆို တော့ အဲဒီလိုစိတ်မျိုးဖြစ်ပါတယ်။
အချစ်မပါတဲ့အိမ်ထောင်ရေး က ဘယ်တော့မှတည်မြဲမှာမဟုတ် ဘူး
အိမ်ထောင်မှုတည်ထောင်ဖို့ ဆိုတာ အရမ်းခက်ခဲတယ်။ အချစ် ရေးကိုသေ
ချာခိုင်မာစွာတည် ဆောက်ပြီးမှ တစ်ယောက်နဲ့တစ် ယောက် နားလည်
မှုတွေရှိပြီးတော့ ခိုင်မာတဲ့အချစ်တစ်ခုဖြစ်မှ ကိုယ့် ဘ၀အတွက်
အိမ်ထောင်တစ်ခုကို တည်ထောင်သင့်တယ်လို့ဝါဆိုက ထင်တယ်။ ၀ါဆို့အထင် အချစ်မပါ
တဲ့ အိမ်ထောင်ရေးကဘယ်တော့မှ တည်မြဲမှာမဟုတ်ဘူး။
ကိုယ့်အပေါ်နားလည်တဲ့သူ မျိုးကိုပဲ အိမ်ထောင်ဘက်အဖြစ် ရွေးမယ်
သူ့အပေါ်လည်းကိုယ်နား လည်ရမယ်။ ကိုယ့်အပေါ်လည်း သူ နားလည်ရမယ်။ ကိုယ်နဲ့သူ
တစ် ယောက်နဲ့တစ်ယောက်သစ္စာရှိပြီး တော့ ချစ်နေတဲ့လူမျိုးက ၀ါဆို့အိမ်
ထောင်ဘက်ပဲဖြစ်မှာပါ။ နောက်ပြီး ၀ါဆို့အိမ်ထောင်ဖက်က ယောက်ျား
ကောင်းတစ်ယောက်ဖြစ်ရမယ်။ ကိုယ့်ရဲ့ရှေ့မှာပဲ မားမားမတ်မတ် ရပ်တည်ပြီးတော့
အခက်အခဲတွေ ကိုရင်ဆိုင်နိုင်မယ့်လူတစ်ယောက် ဖြစ်ရမယ်။
အဲဒီလိုယောက်ျား ကောင်းတစ်ယောက်ကိုပဲ ၀ါဆိုအိမ် ထောင်ဖက်
အဖြစ်ရွေးချယ်ဖြစ်မှာ ပါ။အိမ်ထောင်ပြုဖို့အတွက် အ ချစ်က (၈၀)ရာ
ခိုင်နှုန်းအရေး ကြီးတယ်အိမ်ထောင်ပြုခြင်းနဲ့အချစ်က
ဘယ်လောက်ရာခိုင်နှုန်းလောက်ထိ အချိုးကျတယ်ထင်လဲဆိုရင် ခုန ပြောသလို
အချစ်မရှိဘဲ အိမ်ထောင် တစ်ခုကခိုင်မြဲမှာမဟုတ်ဘူး။ အချစ်
ရှိနေတဲ့လူတွေတောင် တစ်ခါတ လေ နားလည်မှုတွေလွဲပြီးတော့ ကွဲ
သွားတဲ့အိမ်ထောင်ရေးတွေအများ ကြီးရှိတယ်။ အဓိကအိမ်ထောင်
တစ်ခုတည်ဆောက်ဖို့အတွက်ဆိုရင် အချစ်က (၈၀)ရာခိုင်နှုန်းလောက်
ထိအရမ်းအရေးကြီးတယ်။
ချစ်တတ်တဲ့လူစားထဲမှာပါ တဲ့အတွက်
အခုချိန်မှာလည်း အ ချစ်ရေးကိုမစဉ်းစားသေးဘူးဝါဆို့အတွက် အချစ်ကပူ လောင်တယ်။
လောလောဆယ် တော့ မချစ်သင့်သေးဘူး။ ၀ါဆိုက ချစ်တတ်တဲ့လူစားထဲမှာပါတဲ့အ တွက်
အခုချိန်မှာလည်း အချစ်ရေး ကိုမစဉ်းစားသေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့
အသက်အရွယ်ကလည်း ငယ်ပါသေးတယ်။ ၀ါဆိုအသက် နည်းနည်းကြီးတဲ့အချိန်မှပဲ အချစ်
ရေးကိုစဉ်းစားမှာပါ။
အချစ်ဇာတ်ကားတွေရိုက်
တာများလာတဲ့ဝါဆို့အနေနဲ့ အ ချစ်ကိုလက်ခံယုံကြည်ထားတာကအချစ်ကိုလက်ခံထားတာက
ခုန ကပြောသလိုပဲ အချစ်ကပူ လောင်တယ်။ ဒီခေတ်မှာ အချစ် စစ်၊ အချစ်မှန်ဆိုတာ
အရမ်းခက် ခဲပါတယ်။ မရှိတော့ဘူးလို့ဝါဆို ထင်တယ်။ အဲဒီအတွက်ကြောင့်
ပြောချင်တာက အချစ်ဆိုတာ တစ် ယောက်အပေါ်တစ်ယောက် ကြင်
ကြင်နာနာနဲ့ချစ်ကြပါလို့။ သစ္စာရှိ ပြီး နားလည်မှုတွေလည်းထားကြပါ
လို့ပြောချင်ပါတယ်။
ကလောင် - မိုးထက်ကျော်
8 DAYS A WEEK ENTERTAINMENT
No comments:
Post a Comment