လက်ရှိ နိုင်ငံတွင်း ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍
မြန်မာနိုင်ငံသို့
အသစ်ရောက်ရှိလာသော ဗြိတိန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးက ၈၈
မျိုးဆက်ခေါင်းဆောင်အချို့နှင့် တွေ့ဆုံဆွေးနွေး မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
မကြာမီကာလအတွင်းက မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးအဖြစ်
ခန့်အပ်ခံခဲ့ရသော Mr.Andrew Patrick နှင့် သံရုံးအတွင်းဝန် Mr.Joseph
Fisher တို့သည် ယခုလ ၁၀ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ၈၈
မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးသို့
ပထမဆုံးအကြိမ်အဖြစ် လာရောက်တွေ့ဆုံခဲ့ကြောင်း တွေ့ဆုံမှုတွင် ပါဝင်ခဲ့သူ ၈၈
မျိုးဆက်မှ ဦးပြုံးချိုက ပြောကြားသည်။
ထိုသို့ တွေ့ဆုံရာတွင် လက်ရှိ
နိုင်ငံရေးအခြေအနေများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့်
မိမိတို့အဖွဲ့၏ လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို
ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောသည်။
““အခုလာတာက သူ့အနေနဲ့
မြန်မာနိုင်ငံကို အခုမှရောက်တာဖြစ်တဲ့အတွက် လာပြီးမိတ်ဆက်တဲ့ သဘောပါပဲ။
တခြားထွေထွေထူးထူး ဆွေးနွေးတာတော့ မရှိပါဘူး”” ဟု ဦးပြုံးချိုက ဆိုသည်။
ဗြိတိသျှသံအ မတ်ကြီးနှင့် သံ ရုံးအတွင်းဝန်တို့သည် ၈၈
မျိုးဆက်ခေါင်းဆောင်များဖြစ်ကြသော ဦးမင်းကိုနိုင်၊ ဦးပြုံးချို၊
ဦးစိုးထွန်းတို့နှင့် တစ်နာရီကြာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
၈၈ မျိုးဆက် အဖွဲ့ရုံးသို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး လာရောက်တွေ့ဆုံစဉ် ဓာတ်ပုံ - ၈၈မျိုးဆက်ဖေ့စ်ဘွတ်ခ်
7 Day Daily
No comments:
Post a Comment