ဆန်းတို့စ်အသင်းမှ ပေါင်စတာလင် သန်း(၅၀)ဖြင့် ဘာစီလိုနာက ဝယ်ယူခဲ့သော
ဘရာဇီးလ် လက်ရွေးစင် လူငယ် တိုက်စစ်မှူးသည် လာလီဂါတွင် ပြစ်ဒဏ်ကျူးလွန်မှု
(၃၂)ကြိမ် ကြုံတွေ့ပြီး ဖြစ်သည်။
လာလီဂါ၏ လူချအခံရဆုံး ကစားသမားအဖြစ် နေမာရပ်တည်
စပိန်လာလီဂါတွင် ပြိုင်ဘက် ကစားသမားများက ပစ်မှတ်ထား လူချခြင်း အခံရဆုံး
ကစားသမားအဖြစ် နေမာက ရပ်တည်နေကြောင်း သိရှိရသည်။ ဆန်းတို့စ်အသင်းမှ
ပေါင်စတာလင် သန်း(၅၀)ဖြင့် ဘာစီလိုနာက ဝယ်ယူခဲ့သော ဘရာဇီးလ် လက်ရွေးစင်
လူငယ် တိုက်စစ်မှူးသည် လာလီဂါတွင် ပြစ်ဒဏ်ကျူးလွန်မှု (၃၂)ကြိမ်
ကြုံတွေ့ပြီး ဖြစ်သည်။ အခြား ဘရာဇီးလ်သား တစ်ဦးဖြစ်ပြီး စပိန်လက်ရွေးစင်ဘဝ
ခံယူရန် ကြိုးစားနေသည့် အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဒီယေဂို
ကော်စတာသည်လည်း နေမာကဲ့သို့ပင် ပြိုင်ဘက်များ၏ ပစ်မှတ်ထား
တားဆီးမှုများအတွက် အဓိက ဆွဲဆောင်မှုတစ် ခု ဖြစ်နေကြောင်း မှတ်တမ်းများက
ဖော်ပြခဲ့သည်။
နေမာသည် ပြိုင်ဘက်များ အဝါကတ်၊ အနီကတ်ထိအောင်
လှုံ့ဆော်မှု အရှိဆုံး ကစားသမား အနေဖြင့်လည်း ရပ်တည်နေသည်။ ယခုနှစ် ဘော
လုံးရာသီတွင် ဘာစီလိုနာ အသင်း၏ ပြိုင်ပွဲအရပ်ရပ်၌ နေမာကို တားဆီးမိသဖြင့်
ကစားသမား(၈)ဦး အဝါထိကာ (၁)ဦးမှာ အနီ ကတ် ပြခံခဲ့ရသည်။ နေမာအနေဖြင့်
ဘောလုံးကို ပြိုင်ဘက်များနှင့် အနီးကပ် လိမ်ခေါက် သယ်ယူတတ်သည့်
ကစားဟန်ကြောင့်လည်း ပြစ်ဒဏ်ကျူးလွန် ခံရရန် နှိုးဆွမှုမျိုး ဖြစ်နေသည်။
ချယ်လ်ဆီး မန်နေဂျာ ဟိုဆေး မော်ရင် ဟိုကမူ နေမာသည် ကစားသမားကောင်း
တစ်ဦးဖြစ်သော်လည်း ဟန်ဆောင် ဒိုင်ဗင်ထိုး လှဲချလေ့ရှိကြောင်း
ဝေဖန်ခဲ့ဖူးသည်။
ဘာစီလိုနာ ကစာူသမားဟောင်းနှင့် ဘရာဇီးလ်
လက်ရွေးစင်ဟောင်း ဟိုဆေး အက်ဒ်မီလ်ဆင်ကမူ နေမာသည် ဒိုင်ဗင်ထိုးသည်
ဆိုလျှင်ပင် ဟန်ဆောင်နေခြင်း မဟုတ်ဘဲ မိမိကို ထိခိုက်သဖြင့်
လှဲချခြင်းဖြစ်ကြောင်း သုံးသပ်ခဲ့သည်။ "ဘရာဇီးလ်မှာ ကတည်းက နေမာဟာ ခဏခဏ
ဒိုင်ဗင်ထိုးခဲ့တယ်။ စပိန်မှာလည်း ဆက်လုပ်ဖြစ်နေဆဲပဲ။ ဒါပေမဲ့ အများစုက
သူ့ကို ပြိုင်ဘက် ခံစစ်သမားက တကယ်ပဲ ဖျက်ထုတ်လိုက်ချိန်မှာ ဖြစ်ပါ တယ်။
နေမာဟာ ခံစစ်သမားတွေနဲ့ နီးသထက်နီးအောင် ချဉ်းကပ်လေ့ရှိတယ်။ မော်ရင်ဟို
ပြောတဲ့စကားကို ကျွန်တော် နားလည်ပါတယ်။ သူက လီယွန်နယ်လ် မက်ဆီလည်း
ချယ်လ်ဆီးနဲ့ပွဲမှာ ဒိုင်ဗင်ထိုးတယ်လို့ စွပ်စွဲဖူးတယ်။ ဒါပေမဲ့ နေမာနဲ့
မက်ဆီဆိုတာ လူကောင်သေးသေး ကစားသမားတွေပါ။ ပြိုင်ဘက်တွေက သူတို့ကို
တားဖို့အတွက် ခပ်ကြမ်းကြမ်း ဖျက်ရင်တော့ သူတို့က သေချာပေါက်
လဲကျသွားမှာပဲလေ"ဟု အက်ဒ်မီလ်ဆင်က ထောက်ပြသွားသည်။
Planet Myanmar Network
No comments:
Post a Comment