ပဲခူးတိုင်းဒေသကြီး (အရှေ့ ခြမ်း) ပဲခူးမြို့၊ အနောက်ရွှေနံ့သာ
ကျောင်းတိုက်ဆရာတော်
ဥုးကော သလ္လနှင့် တောင်သူစုပရဟိတ
ကျောင်းဆရာတော်ဥုးကိတ္တိတို့၏ သြ၀ါဒလမ်းညွှန်မှုကို
ခံယူပြီး ပဲခူး မြို့ဒေသ ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များ
ရင်းနှီး ချစ်ကြည်ညီညွတ်စွာပူးပေါင်း၍ သီးစုံဒံပေါက်စတုဒီသာကျွေးမွေး
လှူဒါန်းကုသိုလ်ရယူပွဲကို အောက်တိုဘာ ၁၆ ရက် နံနက် ၉ နာရီအချိန်၊
ပဲခူးမြို့အနောက် ရွှေနံ့သာကျောင်းတိုက်၌ ကျင်းပ သည်။
အလှူပွဲအကျိုးဆောင်အဖွဲ့ ၀င်ဦးသောင်းစိန် (အစ္စလာမ် ဘာသာရေးအဖွဲ့ဥက္ကဋ္ဌ) က
“အစ္စလာမ်ဘာသာဝင်တို့အိဒ်ပွဲတော် အထိမ်းအမှတ်အဖြစ်ဘာသာပေါင်း
စုံချစ်ကြည်ရင်းနှီးစွာယှဉ်တွဲနေ ထိုင်နိုင်ရေး၊ တစ်ဘာသာနဲ့
တစ်ဘာသာအပြန်အလှန်လေးစား မှုရှိစေရေး၊ ကိုယ့်မြို့ကိုယ့်ဒေသဖွံ့
ဖြိုးတိုးတက်စေရန် ၀ိုင်းဝန်းဆောင် ရွက်ရေးဦးတည်ချက်များဖြင့်
ကုသိုလ်ယူလှူဒါန်းသည့်ပွဲဖြစ်ကြောင်း ပြောကြားသည်။
ပဲခူးမြို့၊
အနောက်ရွှေနံ့သာ ကျောင်းတိုက်ဆရာတော်ဥုးကော် သလ္လနှင့် တောင်သူစုပရဟိတ
ကျောင်းဆရာတော်ဥုးကိတ္တိတို့ အား အမှူးထား၍ ပင့်သံဃာတော် များအား
သီးစုံဒံပေါက်အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ဧည့်သည် တော်များအား နံနက်
(၉) နာရီမှ စတင်ကာ စတုဒီသာကျွေးမွေး ဧည့်ခံရာလှူဒါန်းပွဲသို့ ဘာသာ
ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ၀င်များ၊ ဖိတ်ကြားထားသည့်
ဧည့်သည်တော်များ အင်အား (၃၂၀၀) ခန့်ကြွရောက်အားပေးချီး မြှင့်သည်။
မင်းစစ်သူ
No comments:
Post a Comment