ပင်လယ် ဓားပြမှုဖြင့် ဖမ်းဆီးထားသည့် Greenpeace သင်္ဘောမှ ဝန်ထမ်း ၃ဝဦးအား
စွဲချက် တင်ထားမှုကို ဖြေလျှော့ ပေးရန် ရုရှား သမ္မတ ဗလာဒီမာ ပူတင်အား နိုဘယ်လ် ဆုရှင် ၁၁ဦးက အောက်တိုဘာ ၁၇ ရက်တွင် တောင်းဆို
လိုက်ကြောင်း သိရသည်။ ရုရှားနိုင်ငံတွင် ပင်လယ် ဓားပြမှု ကျူးလွန်ခြင်းသည် ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ်ကျခံ ရနိုင်ကြောင်း သိရသည်။
ထို့အပြင် အဆိုပါ ဖမ်းဆီးခံ ဝန်ထမ်းများအား နိုဝင်ဘာ ၂၄ ရက်မတိုင်မီ အထိ
ဆက်လက် ထိန်းသိမ်းထားရန် ရုရှား အာဏာပိုင်များက ညွှန်ကြား ထားပြီး ၎င်းတို့
အနက် ၁၆ ဦးကိုလည်း ဝန်ခံကတိဖြင့် ပြန်လွှတ် ပေးခွင့် ကိုလည်း တရားရုံးများက
ငြင်းဆိုလိုက်ကြောင်း သိရသည်။ ၎င်းဖမ်းဆီး ခံထားရသူ များအား ပြန်လွှတ်ပေးရန်
ရုရှား သမ္မတအား တောင်းဆိုသည့် စာတွင် တောင်အာဖရိကမှ ဒက်စ်မွန်တူးတူး
ကိုယ်တိုင် လက်မှတ်ရေးထိုး ပါဝင် ထားခြင်း ဖြစ် သည်။ ရုရှား ကမ်း ခြေစောင့်
တပ်ဖွဲ့ များသည် Greenpeace Arctic Sunrise ရေခဲခွဲ သင်္ဘောအား လွန်ခဲ့သော
လက နိုင်ငံမြောက်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သည့် မာမန့်စ်ခ်သို့ ခေါ်ဆောင်
လာခြင်းဖြစ်ပြီး ၎င်းသင်္ဘောပေါ်ပါ ဝန် ထမ်း ၃ဝဦး အား ဖမ်းဆီးထိန်းသိမ်း
ထားခြင်း ဖြစ်သည်။
မြ၀တီ
No comments:
Post a Comment