မန္တလေးမြို့တော်တွင် အိမ်သုံးမီတာဖြင့် စီးပွားရေးလုပ်ငန်း
လုပ်ကိုင်သူနေသူများကို
တစ်ယူနစ်လျှင် ၃၅ ကျပ်အစား ၇၅ ကျပ်နှုန်းဖြင့်
ပြောင်းလဲ ကောက်ခံမှုကို ကျေနပ်မှု
မရှိသဖြင့် တိုင်ကြားမှု များလာကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူထံမှ သိရသည်။
“တိုင်ကြားစာ
ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ မှတ်မထားလို့ မသိတော့ဘူး။ တိုင်ကြားစာတွေကို
စစ်ဆေးတဲ့ အခါမှာ ကောက်ခံတဲ့ နှုန်းထားနဲ့ ပတ်သက်ပြီး မီးသုံးသူကို ကြိုတင်
အသိပေးတာမျိုး မရှိလို့ ဆိုတာကို တွေ့ရတယ်။ ပြောင်းလဲ ကောက်ခံ မယ့်
နှုန်းထားကို မီးသုံးသူကို အသိပေး လက်ခံလာတဲ့ အထိ ပြောဖို့လိုပါတယ်” ဟု
၎င်းကဆိုသည်။
အိမ်သုံးမီတာဖြင့် တစ်စိတ်တစ်ပိုင်း စီးပွားရေးလုပ်ငန်း
ဆောင်ရွက်ပါက ၇၅ ကျပ်နှုန်း ကောက်ခံခြင်း သည် လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးရေးလုပ်ငန်းမှ စည်းမျဉ်းများအတိုင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း
မန္တလေးတိုင်းဒေသကြီးရှိ ပုဂ္ဂလိက လျှပ်စစ်ကုမ္ပဏီ တစ်ခုဖြစ်သည့်
ပစိဖိတ်ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အိမ်သုံးမီတာနဲ့
ဆိုင်ဖွင့်ထားလို့ ၇၅ ကျပ်နဲ့ ကောက်တာကို လုပ်ငန်း မလုပ်တော့ဘူးဆိုပြီး
ပြန်လာ ပြောရင် ၃၅ ကျပ်ပြန် ကောက်ပေးတာ ရှိတယ်” ဟု ၎င်းကဆိုသည်။
အိမ်အတွင်း စာသင်ဝိုင်း ဖွင့်ထားသည့်အတွက် အိမ်သုံးမီတာအစား လုပ်ငန်းသုံး
မီတာနှုန်းဖြင့် ကောက်ခံရသဖြင့် အိမ်သုံးယူနစ် နစ်နာ၍ ခွဲခြား
ကောက်ခံသင့်ကြောင်း လုပ်ငန်းမီတာ လျှောက်ကာ လုပ်ငန်းဆောင်ရွက် လိုသော်လည်း
အိမ်ငှား ဖြစ်သဖြင့် အဆင်မပြေကြောင်း ပြည်ကြီးတံခွန်မြို့နယ်ရှိ
ပြင်ပသင်ဆရာ တစ်ဦးက ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment