ဖွဲ့စည်းပုံ အခြေခံဥပဒေ
ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပမှ မည်သို့ပင် ဖိအားပေးစေကာမူ
မိမိတို့ ချမှတ်ထားသည့်
လမ်းကြောင်းပေါ် အခြေခံ၍သာ ဆောင်ရွက် သွားမည်ဟု
ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။
အောက်တိုဘာ
၂၄ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အပြီးတွင် ပြည်ထောင်စု
လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲ၌ှStreet
View ဂျာနယ်မှ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေးတို့နှင့် ပတ်သက်ပြီး
ပြည်တွင်းပြည်ပ၌ နိုင်ငံရေးပါတီများ၊ လူမှုရေး အဖွဲ့များ၏ လှုပ်ရှားမှုများ
ရှိလာပြီး နိုင်ငံတကာနှင့် ပြည်တွင်းမှ ဖိအားပေးမှုများ ရှိလာပါက
သုံးသပ်ထင်မြင် ယူဆချက်အား သိရှိလိုကြောင်း မေးမြန်းမှုကို နာယကက ယင်းသို့
ဖြေကြားခဲ့ခြင်း ဖြစ်သည်။
မိမိတို့နိုင်ငံ၊ မိမိတို့ နိုင်ငံသား
အကျိုးစီးပွား ဖြစ်ထွန်းစေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေများကို
လေ့လာသုံးသပ်ပြီး ပြင်ဆင်ဖို့ အဓိကထား ဆောင်ရွက်နေတဲ့အခါမှာ
ပြည်တွင်းကဖြစ်စေ၊ ပြည်ပဖြစ်စေ မည်သို့ပင် ဖိအားပေးမှုရှိရှိ မိမိတို့ကတော့
မိမိတို့သွားတဲ့ လမ်းကြောင်းပေါ်မှာ အခြေခံပြီးတော့ ဆက်လက် ဆောင်ရွက်သွားမှာ
ဖြစ်ပါ...
''ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ဖို့ အတွက်
ပြည်ထောင်စု လွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး
ပူးပေါင်းကော်မတီ ဖွဲ့စည်းပြီးတော့ လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါတယ်။
အဲဒီလို ဆောင်ရွက်တဲ့ အခါမှာ ဦးတည်ချက် သုံးရပ် ချမှတ်ခဲ့တယ်။ ဒါလည်း
အားလုံးအသိ ဖြစ်မှာပါ။ ဒီဘောင်အတွင်း ကနေပြီးတော့ မိမိတို့နိုင်ငံ၊
မိမိတို့ နိုင်ငံသား အကျိုးစီးပွား ဖြစ်ထွန်းစေမယ့် ဖွဲ့စည်းပုံ
အခြေခံဥပဒေများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်ဖို့ အဓိကထား ဆောင်ရွက်နေတ
ဲ့အခါမှာ ပြည်တွင်းကဖြစ်စေ၊ ပြည်ပဖြစ်စေ မည်သို့ပင် ဖိအားပေးမှုရှိရှိ
မိမိတို့ကတော့ မိမိတို့သွားတဲ့ လမ်းကြောင်းပေါ်မှာ အခြေခံပြီးတော့ ဆက်လက်
ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အောင်မြင်အောင်လည်း ကြိုးစားသွားမှာ
ဖြစ်ပါတယ်'' ဟု သူရဦးရွှေမန်းက ပြောကြားသည်။
ဆက်လက်၍
သူရဦးရွှေမန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တစ်ခါရေးပြီးတိုင်း တောက်လျှောက်
အတည်ဖြစ်ရမည်ဟု မမှတ်ယူပါကြောင်း၊ ထို့အတွက်ကြောင့် ဖွဲ့စည်းပုံ
အခြေခံဥပဒေကို လေ့လာသုံးသပ်၍ ဦးတည်ချက် သုံးရပ်ဖြစ်သည့် အချိန်ကာလနှင့်
အခြေအနေပေါ် မူတည်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံနှင့် နိုင်ငံသား
အကျိုးစီးပွားဖြစ်အောင် ရေးဆွဲမည်ဖြစ်ကြောင်း၊ ထိုသို့ ရေးဆွဲရာတွင်
တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မထိခိုက်ဘဲ ဆောင်ရွက်ဖို့က
ပထမအချက် ဖြစ်ကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား
ပြန်လည်သင့်မြတ်ရေးမှ တစ်ဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေသည့်
လုပ်ငန်းများအတွက် အထောက်အကူ ပြုရေးနှင့် လက်ရှိဆောင်ရွက်နေသည့် ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးတို့
ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
Eleven Media Group
No comments:
Post a Comment