သတင်းမီဒီယာ လွတ်လပ်ခွင့် ပိုမိုရရှိလာတာနှင့်အမျှ အစိုးရရဲ့ လုပ်ငန်းအပေါ်မှာ ပြည်သူနှင့်
မီဒီယာမှ
အပြုသဘော လွတ်လွတ်လပ်လပ် ဝေဖန်မှုများ ရှိနေတာဟာ တာဝန်ခံမှုနှင့်
ပွင့်လင်းမြင်သာမှု ဖြစ်ပေါ်စေပါတယ်ဟု (၆၈) ကြိမ်မြောက် ကုလသမဂ္ဂနေ့
အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။
''ခေတ်သစ်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်များဟာ
ပြည်သူ့အကျိုးကို ဦးတည်ပြီး ဆောင်ရွက်ပေးလျက် ရှိပါတယ်။ သတင်းမီဒီယာ
လွတ်လပ်ခွင့် ပိုမိုရရှိလာတာနှင့်အမျှ အစိုးရရဲ့ လုပ်ငန်းအပေါ်မှာ
ပြည်သူနှင့် မီဒီယာ အပြုသဘော လွတ်လွတ်လပ်လပ် ဝေဖန်မှုများ ရှိနေတာဟာ
တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုကိုလည်း ဖြစ်ပေါ်စေပါတယ်'' ဟု ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံတွင်
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကဏ္ဍပေါင်းစုံ ပြုပြင်ပြောင်းလဲရေးကို
ဆောင်ရွက်လျက် ရှိကြောင်းနှင့် ဘာသာရေး ယဉ်ကျေးမှုနှင့် လူမျိုးရေး
ကွဲပြားမှု အခြေအနေကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ခဲ့ရသည့်အပြင်
အခြားနိုင်ငံများ၏ အကောင်းဆုံး လုပ်နည်းလုပ်ဟန်များကို လေ့လာလုပ်ဆောင်
လျက်ရှိကြောင်း၊ ဒီမိုကရေစီ နိုင်ငံသစ်မှာ တိုင်းရင်းသားပေါင်းစုံ၊
နိုင်ငံရေး အသွေးအရောင် ပေါင်းစုံနှင့် ငြိမ်းချမ်းမှုနှင့် သဟဇာတ ဖြစ်မှုကို
အခြေခံအနေ ထိုင်ကြရပြီး ဒေသအသီးသီးက တိုင်းရင်းသားများ၏
ဖွံ့ဖြိုးတိုးတက်မှုအတွက် လက်တွဲဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ဒုတိယသမ္မတက
ပြောကြားသည်။
မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်တွင်
ဆင်းရဲနွမ်းပါးမှုနှုန်းကို ၂၆ မှ ၁၆ ရာခိုင်နှုန်းသို့ လျှော့ချနိုင်အောင်
ဆောင်ရွက်လျက် ရှိကြောင်း၊ လျော့ချနိုင်အောင် ချမှတ်ထားတဲ့ စီးပွားရေးနှင့်
လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းမူပေါင်အတွင်း အကောင်အထည်ဖော်
ဆောင်ရွက်လျက် ရှိကြောင်း ၂၀၁၅ ခုနှစ် ကျော်လွန်တဲ့ ကာလမှာလည်း
ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် ပပျောက်ရေးကို ဦးစားပေးအဖြစ် ဆက်လက်
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment