အောက်ပိုင်းဒေသ မိုးများသော ဒေသများရှိ ကျေးလက်ဒေသများတွင် မျှော့များ
ဖမ်းယူပြီး လူငယ်လူရွယ်များ အပိုဝင်ငွေ ရလျက်ရှိကြောင်း သိရသည်။ မျှော့သည်
လယ်မြေများ၊ ဗွက်အိုင်များ၊
ရေရှိသော ချောင်းများတွင်
နေထိုင်လျက်ရှိပြီး မျှော့ရှာသော သူများသည် ရေအိုင်ထဲသို့ ဆင်းကာ ရေကို
ခြေထောက်ဖြင့် လှုပ်ပေးခြင်းဖြင့် ခြေထောက်၊ ခြေသလုံးများတွင် တွယ်ကပ်ကာ
သွေးစုပ်သော မျှော့ကောင်များကို ဖယ်ပြီး အဝတ်အိတ်ငယ်တွင် ထည့်၍
စုဆောင်းပြီး မျှော့ဒိုင်သို့ လာရောက်ရောင်းချခြင်း ဖြစ်၏။
ကျွဲကျောင်းသားများကလည်း ကျွဲများကို ကျောင်းနေစဉ် ရွှံ့ဗွက်များ၊
ချောင်းများ၊ ရေအိုင်များသို့ ကျွဲများကို မောင်းချပြီး နာရီဝက်၊
တစ်နာရီကြာမှ ကျွဲကို မောင်းတင်ပြီး ကျွဲတွင် သွေးစုပ်နေသော မျှော့များကို
ခွာပြီး စုဆောင်း၍ ရောင်းချခြင်း ဖြစ်သည်။
ရွှံ့ဗွက်ထဲဆင်းပြီး
လူကို တွယ်သော မျှော့များမှာ လက်သန်းခန့်၊ တချို့ဘောပင်ချောင်းခန့် ရှိပြီး
တစ်ပိဿာ (၉၀၀၀ ကျပ်) မှ (၁၃၀၀၀ ကျပ်) အထိ မျှော့ဒိုင်များ၊
ဝယ်ယူလျက်ရှိပြီး ကျွဲများတွင် တွယ်သော မျှော့များမှာ ခြေမခန့်
အတုတ်ရှိပြီး သွေးစုပ်ထားသော မျှော့အကြီးများကို တစ်ပိဿာ (၆၀၀၀ ကျပ်) မှ
(၇၀၀၀ ကျပ်) ဈေးဖြင့် ဝယ်ယူလျက် ရှိသည်။ သွေးစုပ်ထားသော မျှော့များသည်
အဆင့်ဆင့် တင်ပို့ရာတွင်လည်း မျှော့အသေးနှင့် မျှော့အကြီးရော၍ တင်ပို့လျှင်
မျှော့အသေးက မျှော့အကြီးကို ဖောက်ဝင်ပြီး သွေးပြန်စုပ်ခြင်းဖြင့်
မျှော့အကြီးများ သေးဆုံးကြောင်း မျှော့ဒိုင်က ပြောပြ၍ သိရသည်။
ထွန်းလှိုင် (မြိုင်)
Hot News Weekly Journal
No comments:
Post a Comment