တနင်္သာရီတိုင်း ဒေသကြီး အတွင်း သရက်ချောင်းမြို့နယ် တံခွန်တိုင်
ကျေးရွာတွင် သြဂုတ် ၂၆ ရက်က ပြုလုပ်သည့် ရိုးရာ အပ်ချည်ထိုးပွဲ
(ခ)လိပ်ပြာ
ခေါ်ပွဲသို့ ကေအင်န်ယူရင်း ၁၂မှ တပ်စုမှူး အဆင့်ရှိသူ ပုဂံဖြူ ရောက်ရှိလာပြီး
အဆိုပါ ကျေးရွာမှ တာဗ လူးလူး ၁၂ နှစ်(ဘ)ဦး စိန်ထွား၊ ဇင်သူကျော်(ခ)
တားနော် ၁၄ နှစ်(ဘ) ဦးကျော်အေးနှင့် ဇော်သိန်း ၁၄ နှစ်(ဘ) ဦးသန်းဇော်တို့
သုံးဦးအား ပလောက် မြို့နယ်ခွဲ၊ တောင်နီ ရွာသို့ ခေါ်ဆောင် သွားခဲ့သဖြင့်
စက်တင်ဘာ ၁၃ ရက်တွင် တံခွန်တိုင်ကျေးရွာမှ ဦးစိန်ထွားပါ သုံးဦးတို့က
လိုက်လံခေါ်ယူခဲ့ရာ စက်တင်ဘာ ၁၄ ရက် ည ၈နာရီခန့်က တာဗလူးလူး ၁၂နှစ် တစ်ဦးသာ
ကျေးရွာသို့ ပြန်လည် လိုက်ပါခဲ့ကြောင်းနှင့် တောင်နီတွင် ကျန်ခဲ့သူ
နှစ်ဦးအား ပြန်လည် ပေးပို့ရေး တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးသို့ တင်ပြ
ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
မြ၀တီ
No comments:
Post a Comment