ကမ္ဘာ့ကျော် အဆိုတော် ဒမ်မီလိုဗာတိုသည် အမေရိကန် ပြည်ထောင်စု
ကာလီဖိုးနီးယား ပြည်နယ် ဘားဘန့်ခ်မြို့တွင် အောက်တိုဘာ ၂ ရက်က ပြုလုပ်သော
ဖျော်ဖြေပွဲ၌ သူမ၏ ကပိုကရို အပြာရောင် ဆံပင်ပုံစံ အသစ်ဖြင့် ပရိသတ်များကို
အားရပါးရ ဖျော်ဖြေခဲ့ကြောင်း သိရသည်။
၎င်းဖျော်ဖြေပွဲ၌ ဟာသ သရုပ်ဆောင်များ ဖြစ်ကြသော ကေသီဂရစ်ဖင်နှင့် နယူးဇ်ဇင်း
ဂရစ်ခ်ျ တို့နှစ်ဦးက အစီအစဉ် တင်ဆက်သူများ အဖြစ် ဆောင်ရွက်ခဲ့ကြသည်။
လိုဗာတိုသည် စက်တင်ဘာလ ကုန်ပိုင်းက သူမ၏ ကမ္ဘာ့လှည့် ဖျော်ဖြေပွဲနှင့်
ကျင်းပမည့် ရက်များကို ကြေညာခဲ့သည်။ သူမ၏ ကမ္ဘာ့လှည့် ဖျော်ဖြေပွဲ၌ Fifth
Harmony CherLioyd နှင့် Little Mix တေးသီချင်း အပါအ၀င် ပရိသတ်
အနှစ်သက်ဆုံး တေးသီချင်းများကို ဖျော်ဖြေ သွားမည်ဟု သိရသည်။
မြ၀တီ
No comments:
Post a Comment