ခေတ်အဆက်ဆက်ကပင် နိုင်ငံတော်အဆင့် ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ
အမျိုးသားရေးစိတ်ဓာတ်တွေ ပြည်သူလူထုရဲ့ စိတ်နှလုံးသားထဲ တည်ရှိလာစေဖို့
ရှေ့တန်းကနေ ပါဝင်ဦးဆောင် လှုံ့ဆော်ပေးကြ
သူတွေကတော့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။
အခုနှစ်
အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ၂၇ ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲကြီးနဲ့
ပတ်သက်လို့ တေးသီချင်းသရုပ်ဖော်တွေမှာပဲ ဖြစ်ဖြစ်၊ ပညာပေး ဇာတ်
လမ်းတိုတွေမှာပဲဖြစ်ဖြစ် အနုပညာရှင်တွေ အားဖြည့်ပါဝင်နေကြတာကလည်း
ဂုဏ်ယူကြည်နူး
ဖွယ်ရာတွေ့ရပါတယ်။ ဒါ့ကြောင့် အနုပညာနဲ့ နိုင်ငံ့ဂုဏ်
ဆောင်စေမယ့် ပြိုင်ပွဲကြီးမှာ နယ်ပယ်အသီးသီးကနေ ပံ့ပိုးအားဖြည့်ခွင့်
ရကြတဲ့အပေါ် အနုပညာရှင်တွေရဲ့ အမြင်တချို့ကို မေးမြန်းဖြစ်ခဲ့ပါတယ်။
ဆီးဂိမ်းလှုံ့ဆော်ရေးတွေ နဲ့ပတ်သက်ပြီး ကိုယ်တတ်နိုင်တဲ့ဘက် က အနုပညာနဲ့လုပ်ပေးခဲ့တာပေါ့ . . .
နေတိုး-
“ဆီးဂိမ်းကို မြန်မာနိုင်ငံမှာ လုပ် မယ်ဆိုတော့ အနုပညာသမားတွေ အနေနဲ့
တတ်နိုင်တဲ့ဘက်ကနေ ပံ့ပိုးကူညီ ချင်တယ်။ အရှင်းဆုံးပြောရရင်တော့ လှုံ့
ဆော်ရေးနဲ့ပတ် သက်ပြီးတော့ ကျွန်တော် တို့အနုပညာရှင်တွေကလည်း အဓိက
ထားပြီးပါဝင်ကူညီခဲ့ပါတယ်။ ကျွန် တော်ဆိုရင်လည်း ဇာတ် လမ်းတိုလေးတွေ
ရိုက်ကူးခဲ့တယ်။ နောက် ပြီးတော့ ပြဇာတ်တို့၊ အဲဒီလိုပွဲလေး တွေမှာ
ပါဝင်ခဲ့တယ်။ ဒါ ဆီးဂိမ်းလှုံ့ဆော် ရေးတွေ နဲ့ပတ်သက်ပြီး
ကိုယ်တတ်နိုင်တဲ့ဘက် က အနုပညာနဲ့လုပ်ပေးခဲ့တာပေါ့။ အခု
နီးလာတဲ့အခါကျတော့လည်း ဒီပွဲကြီးကို အောင်အောင်မြင်မြင်နဲ့ ဖြစ်စေချင်တဲ့
အတွက် လည်း ကိုယ်က အားကစားသမား တစ်ယောက် မဟုတ်ပေမယ့်လည်း အားကစား ဆိုတဲ့ဟာက
လူတိုင်းအတွက် အရေးကြီးတယ်။ နိုင်ငံ အတွက်လည်း အရေးကြီးတာဖြစ်လို့ အရင်
ကတည်းက ပံ့ပိုးခဲ့တယ်။ အခုလိုကူညီခွင့်ရတဲ့ အတွက်လည်း ဝမ်းသာ ပါတယ်။
ဒီဆီးဂိမ်း ကြီးမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် သူတွေအနေနဲ့ လည်း
အောင်မြင်မှုတွေရရှိပါစေလို့ ဆုတောင်း ပေးချင်ပါတယ်”
အနုပညာသမားတွေ၊ အဆိုတော် တွေ အကုန်လုံးက ဒီဆီးဂိမ်းအတွက် ကို ဆက်တိုက် ရိုက်ကူးနေကြတော့လည်း . . .
ဝတ်မှုံရွှေရည်-
“ဆီးဂိမ်းလှုံ့ဆော်ပွဲတွေမှာဆို ရင် ကစ်ကစ်အပါအဝင် အနုပညာရှင်တွေ
အားလုံးကလည်း သေသေချာချာကို အားထုတ် ပြီးတော့ ရိုက် ထားကြတယ်။ ပြီးတော့
ဒီနှစ်က လည်း ကစ်တို့အနေနဲ့ ပထမဆုံး ဆီးဂိမ်း ဆိုတော့ ဘယ်လို
မျိုးတင်ဆက်သွားမလဲ၊ဖွင့်ပွဲ ကြီးကိုလည်း ဘယ်လိုမျိုးတွေနဲ့ တင်ဆက်
သွားမလဲပေါ့နော်။ ဘယ်လောက် ထိတောင် လုပ်ထားလဲဆိုတာတော့ စိတ်ဝင်စားနေ တယ်။
ကစ်တို့ က ဆီးဂိမ်းလှုံ့ဆော်မှုတွေနဲ့ ပတ်သက်ပြီး ရိုက်ပြီး သွားပြီလေ။
နောက်ထပ်ရိုက်ပေးဖို့ အကူ အညီေ တာင်းရင်လည်း ရိုက်ပေးဖို့အဆင်သင့် ပါပဲ။
အနုပညာသမားတွေ၊ အဆိုတော်တွေ အကုန်လုံးက ဒီဆီးဂိမ်းအတွက်ကို ဆက်တိုက်
ရိုက်ကူးနေကြတော့လည်းနီးလာေ လလေဘယ် လိုပုံစံတွေ့ရမလဲလို့စိတ်ဝင်စားနေပါတယ်”
ဆုမရ ရင်တောင် မြန်မာတွေ အစွမ်းကုန် ကြိုးစားလိုက်တယ်ဆိုတဲ့ ဂုဏ်ယူမှု လေးယူချင်တယ် . . .
မိုးအောင်ရင်-
“ကျွန်တော့်အနေနဲ့ မြန်မာတွေ အစွမ်းကုန်ကြိုးစားတယ်ဆိုတဲ့ဟာမျိုးပဲ မှန်း
ထားတယ်။ ဆုကတော့ ရစေချင်တာပေါ့။ နောက်ဆုံးဆုမရရင်တောင် မြန်မာတွေ အစွမ်း
ကုန် ကြိုးစားလိုက်တယ်ဆိုတဲ့ ဂုဏ်ယူမှုလေး ယူချင်တယ်။ ဆီးဂိမ်းအတွက်
ဇာတ်လမ်းတို လေးလည်း ကျွန်တော်ရိုက်ကူးထားတယ်။ ပြဇာတ်လည်း နေပြည်တော်မှာ
တစ်ခေါက်၊ အမျိုး သားကဇာတ်ရုံမှာ တစ်ခေါက်လုပ်ရတယ်။ ကျွန်တော်တို့ ဒီလို
အနုပညာနဲ့ ပရိသတ်ကို လှုံ့ဆော်တာရော၊ အားကစားသမားတွေကို လည်း သူတို့ရဲ
့နောက်မှာ ဒီလိုအားပေးနေ တာကိုရော သိစေချင်တယ်။ ကျွန်တော်တို့
အားပေးသလိုမျိုးပဲ သူတို့ကိုလည်း အစွမ်း ကုန်ကြိုးစားစေချင်တယ်”
အနုပညာရှင်တွေနဲ့ အတူ အားကစားသမားတွေနဲ့အတူ ပါဝင်ဆင်နွှဲကြဖို့ . . .
နန်းဆုရတီစိုး-
“နန်းဆု လည်း ဆီးဂိမ်းမှာ အစီ အစဉ်တစ်ခုအနေနဲ့ ပါ ဝင်မှာပါ။ ဒီလို
ဆီးဂိမ်းတွေဆိုတာ ကျင်းပဖို့ မလွယ် ဘူး။ ပရိသတ် တွေအားလုံးကို လည်း
အကုန်လုံး ပါဝင်စေ ချင်ပါ တယ်။ မြန်မာနိုင်ငံ က အိမ်ရှင်အဖြစ် ကျင်းပခွင့်ရ
ဖို့ဆိုတာ နှစ်ပေါင်းမြောက်မြားစွာ စောင့်ပြီးမှ ဖြစ်ရတာ တအား
ဂုဏ်ယူစရာကောင်းတယ်။ ဒီ ဆီးဂိမ်းပြိုင်ပွဲ မှာ ပြည်သူတွေအားလုံး နန်းဆုတို့
အနုပညာရှင်တွေနဲ့အတူ၊ အားကစားသမားတွေနဲ့အတူ ပါဝင်ဆင်နွှဲကြဖို့ တိုက်တွန်း
ချင်ပါတယ်။ ဒါကလည်း ကမ္ဘာ ပေါ်မှာ အထင်ကရပွဲလေးတစ်ခု ဖြစ်မှာပါ။
မြန်မာတစ်နိုင်ငံ လုံးကို ဆင်နွှဲစေချင်ပါတယ် ”
ရှုံးလည်းအားပေး ရမှာ ပဲ၊နိုင်လည်း အားပေးရ မှာပါပဲ …
ဦးမိုးဝင်း
“ဆီးဂိမ်းကြီးက နှစ်ပေါင်း ၄၄ နှစ်မှာ တစ်ခါပြန်ပြီးတော့ ကျင်းပတာပါ။
ဒါကြောင့် စိတ် ရော၊ လူရောအားပေးချင်ပါ တယ်။ ဦးတို့အနေနဲ့ကတော့ မြန်မာ
နိုင်ငံသားေ တွဖြစ်ကြတဲ့ အတွက် ရှုံးလည်းအားပေး ရမှာ ပဲ၊ နိုင်လည်း
အားပေးရမှာပါပဲ။ ဒါပေမဲ့ နိုင်တော့ နိုင်စေချင်တာ ပေါ့။
နို့မို့ဆိုရင်ထဲမှာ မချိဘူး။ ပြီးတော့ ဆီးဂိမ်းပွဲကြီးကို လည်း
တစ်နိုင်ငံလုံးက စိတ်ပါဝင်စား စွာနဲ့ကြိုးစားပေးကြပါဦး။ စည် စည်ကားကား၊
သိုက်သိုက်ဝန်း ဝန်းကြီးဖြစ်စေချင်တယ်။ ဒါကြောင့်လည်း အားလုံးလှုံ့ဆော်
ပေးကြပါ လို့ တိုက်တွန်းချင် ပါတယ်”
ဗမာဘောလုံး အသင်းလေးကိုတော့ အနိုင်ရ စေချင်တယ်…
ဒါရိုက်တာ ညီညီထွန်းလွင်
“ကိုညီကတော့ ဘောလုံး အားကစားကို ဝါသနာပါတယ်။ အဲဒီတော့ ကိုယ့်မြန်မာဘောလုံး
အသင်းလေးကိုတော့ အနိုင်ရ စေချင်တယ်။ ကိုယ့်နိုင်ငံမှာ ကျင်းပမှာ ဖြစ်တဲ့
အတွက် ရတော့ ရနိုင်လောက်ပါတယ်”
အားကစားသမားတွေ အိမ်ရှင်အဖြစ်နဲ့ ဧည့်ဝတ်လည်း ကျေနိုင်ကြပါစေ…
ကျော်ကျော်ဗို
“ကိုကြံ့တို့ တစ်သက်မှာ တစ်ခါလောက် အိမ်ရှင်အနေနဲ့ ကြုံရတဲ့ ပြိုင်ပွဲလေ၊
အရင်က ဆိုရင် ယှဉ်ပြိုင်တာတွေကို သတင်းပဲ နားစွင့်နေရတာ၊
ကိုယ့်အားကစားသမားေ တွ အိမ်ရှင်အဖြစ်နဲ့ ဧည့်ဝတ်လည်း ကျေနိုင်ကြပါစေ၊
အိမ်ရှင်အဖြစ် နဲ့ ရွှေတံဆိပ်တွေ အများကြီး ရပြီ ထိပ်ဆုံးက ရပ်တည်နိုင်ဖို့
ကိုကြံ့မျှော်လင့်ပါတယ်”
အားကစား စိတ်ဓာတ် မရှိ ဘူးဘဲပြောပြော ကိုယ့်နိုင်ငံက လူကိုပဲ နိုင်စေချင်တယ်
ဒါရိုက်တာညိုမင်းလွင်
“ကျွန်တော်ကတော့ အားကစားစိတ်ဓာတ်မရှိ ဘူးပဲပြောပြော ကိုယ့်နိုင်ငံက
လူကိုပဲ နိုင်စေချင်တယ်။ အားကစားစိတ်ဓာတ်နဲ့ နိုင်နိုင် ရှုံးရှုံး
ပြိုင်တာကသာအဓိက ဆို တာထက် ကိုယ့်လူမျိုးပဲနိုင် ၊ ရှိသမျှရွှေ
မြန်မာအကုန်ရ။ အားကစားနဲ့ ပတ်သက်ပြီး အများကြီးတော့မသိဘူး။ ကျွန်
တော်အားပေးလို့ရတဲ့ပွဲတိုင်း သွားအားပေးမှာပါ။”
ကျွန်တော်ရဲ့ အားပေးစကား ကတော့ ကြိုးစားပါ …
သည်ခေတ်နေ
“ကျွန်တော် ဆီးဂိမ်း အတွက် Progamme လေး ကို ရိုက်ခဲ့တယ်။ အခု ဆို
ဆီးဂိမ်းက နီးလာပြီ ဆိုပေမယ့် ရင်ခုန်သံ ကတော့ အားကစား သမားတွေလို ထပ်တူ
ထပ်မျှပါပဲ။ ဘာဖြစ် လို့လဲဆိုတော့ ကိုယ့်မြန်မာ က အိမ်ရှင်ဆိုတော့လေ။
ကိုယ်ရိုက်ခဲ့တဲ့ ဆီးဂိမ်း Progamme လေး ဖန်တီးခဲ့တာ ကိုအားပေးတဲ့အတွက်လည်း
ပီတိကတော့ အားရပါတယ်။ အားကစားသမားတွေအတွက် ကျွန်တော်ရဲ့ အားပေးစကား ကတော့
ကြိုးစားပါပေါ့နော်”
နိုင်ငံသားတစ်ယောက် အနေနဲ့ ကိုယ်နဲ့သက်ဆိုင်သလို၊ ပါဝင် ခွင့်ရတာလည်း…
Kငြိမ်း
“ကိုမောင်မောင်အေး လုပ်ခဲ့တဲ့ Programme မှာ ဆီးဂိမ်းနဲ့ပတ်သက်ပြီး ဂိမ်း
ပြိုင်တာပေါ့နော်။ အဲဒါလေး လုပ်ခဲ့ဖူးတယ်။ ဆီးဂိမ်းနဲ့ ပတ်သက်ပြီး ခုလို
လှုံ့ဆော်ရေး ပွဲတွေမှာ ပါဝင်ရတဲ့အတွက် လည်း ပျော်တယ်။ ကိုယ့်
မြန်မာနိုင်ငံမှာ ဒါမျိုးလုပ်တဲ့ အခါမှာကိုယ်ကလည်း မြန်မာ
နိုင်ငံသားတစ်ယောက် အနေနဲ့ ကိုယ်နဲ့သက်ဆိုင်သလို၊ ပါဝင် ခွင့်ရတာလည်း
တကယ်ကို ဝမ်းသာမိပါတယ်”
နိုင်ငံ တော်က ပံ့ပိုးမှု ပူးပေါင်း ပါဝင်လာမှ ဒီ ထက် အဆင့်မြင့် လာမှာ…
ပြေတီဦး
“ကျွန်တော်တို့နိုင်ငံမှာလုပ်တဲ့ ဆီးဂိမ်းပွဲအတွက် တတ်နိုင်တဲ့ ဘက်က
တာဝန်ယူပေးဖြစ် တယ်။ ဝမ်းလည်း ဝမ်းသာတယ်။ ကိုယ့်နိုင်ငံမှာရှိတဲ့ အတိုင်း
အတာနဲ့တော့ အားလုံးကြိုး စားကြတာပဲ။ Level တစ်ခု အထိ ရောက်မလာသေးဘူး ဆိုတာ
ကျွန်တော်တို့ တိုင်း ပြည်နဲ့ပဲဆိုင်တာ။ ပံ့ပိုးမှုတွေ အားမကောင်းသေးသ၍ အား
ကစား သမားတွေ Level က တက်လာမှာမဟုတ်ဘူး။ ဘာဆို ခဏခဏရှုံးတာပဲ။ မအောင်
မြင်ဘူးလို့ပြောကြတယ်။ နိုင်ငံ တော်က ပံ့ပိုးမှု ပူးပေါင်း ပါဝင်လာမ ဒီ့ထက်
အဆင့်မြင့် လာမှာ။
အားပေမယ့် ပရိသတ်တွေ ကိုတော့ စည်းကမ်းရှိစေချင် တယ်…
သားညီ
“ဆီးဂိမ်းမှ မဟုတ်ပါဘူး။ ဘယ်သူနဲ့ပဲပြိုင်ပြိုင် ကိုယ့် လူတွေကိုတော့
နိုင်စေချင်တာ ပေါ့။အားပေးမယ့် ပရိသတ်တွေ ကိုတော့ စည်းကမ်းရှိစေချင် တယ်။
ဟိုတစ်ခါေ ဘာလုံးပွဲကိစ္စ ဆို တော်တော်ဆိုးတယ်လေ။
ကိုယ့်နိုင်ငံမှာလုပ်တဲ့ပွဲလေ”
အားကစားစိတ်ဓာတ်ပြည့် ပြည့်နဲ့ အနိုင်ယူနိုင်သလို ပြည်သူ၊ ပြည်သားတွေကလည်း…
ဝေဠုကျော်
“ကိုယ့်နိုင်ငံမှာလုပ်တဲ့ပွဲဆို တော့ ဆုတွေကို တတ်နိုင်ရင် အကုန်လုံးပဲ
ဖြစ်ဖြစ် သိမ်းပိုက်စေချင်တယ်။ အား ကစားစိတ်ဓာတ် ပြည့်ပြည့်နဲ့
အနိုင်ယူနိုင်သလို ပြည်သူ၊ ပြည်သားတွေကလည်း အားကစား စိတ်ဓာတ်နဲ့ပဲ
အားပေးကြပါ။ အမိနိုင်ငံ တော်ကြီးက ပေးအပ်ထားတဲ့ တာဝန်၊ ကိုယ်တကယ် ဝါသနာ
ပါလို့ လုပ်နေတဲ့ အားကစား တွေကို အောင်မြင်ပါစေလို့ ဆုတောင်းသလို
မျှော်လည်း မျှော်လင့်ပါတယ်”
အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပရမှာ ဖြစ်တဲ့အတွက်လည်း တအား ဝမ်းသာပါတယ် …
မြင့်မြတ်
“ဆီးဂိမ်းနဲ့ပတ်သက်ပြီး အများကြီး လုပ်ထားတာရှိပါ တယ်။ ဇာတ်လမ်းတို၊
ပြဇာတ် တို့လည်းလုပ်ထားတယ်။ ကူညီခွင့်ရတဲ့အချိန်လေးမှာ
ကူညီခွင့်ရတဲ့အတွက်လည်း တအား ဝမ်းသာပါတယ်။ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပရမှာ
ဖြစ်တဲ့အတွက်လည်း တအား ဝမ်းသာပါတယ်။ ဆီးဂိမ်းနဲ့ပတ် သက်ပြီးအများကြီး
မျှော်လင့် ထားပါတယ်”
ဆီးဂိမ်းပွဲကလည်း တဖြည်း ဖြည်းနီးလာပြီဆိုတော့လည်း ပိုပြီး စိတ်လှုပ်ရှားတယ်…
မိုးစက်ဝိုင်
“ဆီးဂိမ်းနဲ့ပတ်သက်တဲ့ ပရိုဂရမ်လေးကို ရိုက်ဖြစ်ခဲ့ တယ်။ ခုလည်း
လွှင့်နေပြီလေ။ အဲဒါလေးကိုလည်း ပရိသတ် တွေက အားပေးကြတယ်ဆိုတာ သိရတော့ ဝမ်း
လည်းသာတယ်။ ဆီးဂိမ်းပွဲကလည်း တဖြည်း ဖြည်းနီးလာပြီဆိုတော့လည်း ပိုပြီး
စိတ်လှုပ်ရှားတယ်။ ဆီးဂိမ်းအတွက် ကိုယ်လုပ်နိုင် တဲ့အရာလေးနဲ့
လုပ်ခွင့်ရခဲ့ပြီ။ သေ ချာတော့မသိသေးဘူး။ ဆီးဂိမ်းက ကိုယ်တွေဆီမှာ
လုပ်မယ်ဆိုတော့လေ။ ဘယ်လို တွေ ဖြစ်မလဲဆိုပြီး ရင်ခုန် ရတယ်”
ကမ္ဘာ ကကြည့်နေတာ ဆိုတော့ ကျွန်တော်တို့နိုင်ငံအတွက် လည်း အကျိုးရှိတယ်လေ …
သူရိယ
“ဆီးဂိမ်းအတွက် မြန်မာ နိုင်ငံက အားကစားသမားတွေ ကြိုးစား ပမ်းစားလုပ်နေတာ
လည်း မြင်ရတယ်။ ဒါက ကမ္ဘာ က ကြည့်နေတာဆိုတော့ ကျွန်တော်တို့နိုင်ငံအ တွက်
လည်း အကျိုးရှိတယ်လေ။ အားလုံးကို ကြိုးစားစေ ချင် ပါတယ်။ ကျွန်တော်က ကြက်
တောင်အားကစားနည်းကို ဝါသနာ ပါတော့ ကြက်တောင်ပွဲကျရင် သွား အားပေးဖြစ်မယ်”
ဆီးဂိမ်းပြိုင်ပွဲ ကျင်းပတဲ့ အချိန်ကျရင်လည်း အစအဆုံး အားပေးမှာပါ…
ရေဗက္ကာဝင်း
“ရေဗက္ကာက ‘ရွှေရောင် လက်ခုပ်သံ’ သီချင်းကို ကိုဇော်ပိုင်နဲ့ အတူ လှုံ့
ဆော်ရေး တေးအဖြစ် ဆို ထားပါတယ်။ ဆီးဂိမ်း ကတော့ ကိုယ့်နိုင်ငံ အတွက်လည်း
ဂုဏ်ယူ ဝမ်းမြောက်စရာ အကြောင်း အရာ ဖြစ် တော့ တစ်နိုင်ငံ လုံးက
စိတ်ဝင်စားကြ တယ်။အနုပညာသမား တိုင်းလည်း ပါဝင်ချင်ကြ မှာဖြစ်ပြီး အခု လို
တစ်ထောင့် တစ်နေ ရာကနေ ပါဝင်ခွင့်ရတာကိုလည်း ဝမ်း သာပါတယ်။
ဆီးဂိမ်းပြိုင်ပွဲ ကျင်းပတဲ့ အချိန်ကျရင်လည်း အစအဆုံး အားပေးမှာပါ။
ဆီးဂိမ်းလှုံ့ ဆော်ရေးသီချင်း တွေကလည်း အကျိုးသက် ရောက်မှု
အများကြီးရှိပါတယ်။နိုင်ငံသားတိုင်းရဲ့စိတ်ထဲမှာ ဆီးဂိမ်းဆိုတာရှိပေမယ့်
အခုလို လှုံ့ဆောင်ရေးသီချင်းတွေကို မပြတ်ထုတ်လွှင့်ပေးတဲ့အခါ ကျ တော့
ပြည်သူတွေလည်း တက် ကြွကြတာပေါ့အားကစား သမားတွေအနေနဲ့လည်း အား တက်စေမှာပါ။
ဆီးဂိမ်း ရောက် ရင်တော့ ဘယ်အားကစားရယ် လို့မဟုတ် ဘူး။ ကိုယ့်နိုင်ငံက
အားကစားသမား အကုန်လုံးကို အားပေးမှာပါ”
ဘာပဲပြော ပြောဒီဆီးဂိမ်းမှာ ပါဝင်ခွင့်ရတဲ့အ တွက်လည်း ဝမ်းသာမိတယ်…
ရွှေမှုံရတီ
“ရွှေမှုံ ဆီးဂိမ်းနဲ့ ပတ်သက် ပြီး ဇာတ်လမ်းတိုတွေ ရိုက်ခဲ့ တယ်။ အဲဒီတုန်းက
ဆိုလည်း ကိုဖြိုးငွေစိုးနဲ့ရိုက်ခဲ့တာ။ ဖန်စီဟာသလေးပေါ့။ အဲဒီတုန်း ကလည်း
ရိုက်ရတာ တအား ပျော်ခဲ့တယ်။ ဘာပဲပြောပြော ဒီဆီးဂိမ်းမှာ ပါဝင်ခွင့်ရတဲ့အ
တွက်လည်းဝမ်းသာမိတယ်။ တစ်ထောင့် တစ်နေရာကနေ ပါဝင်ခွင့်ရတဲ့အတွက်လည်း ပီတိ
ဖြစ်ရ တယ်။ ဆီးဂိမ်းက နီးလာတဲ့အတွက်လည်း ဒီမှာ ဝင် ပြိုင်မယ့် အားကစားသမား
တွေကို ရွှေမှုံတို့က နောက် ကွယ်ကနေ အားပေးနေပါ တယ်။ ဆီးဂိမ်းမှာ ပြိုင်ပွဲ
ဝင်မယ့် သူတွေ အကုန်လုံးကို လည်း ကောင်းစေချင်တယ်။ တော်စေချင်တယ်။ အားလုံး
ကလည်း တော်ကြတယ်။ အဲဒီ အတွက်လည်း ရင်ခုန်မိပါတယ်”
အားကစားသမားတွေက မြန်မာ့ဂုဏ်ဆောင်လိမ့်မယ် လို့လည်း မျှော်လင့်ပါတယ်…
ဖူးစုံ
“ကိုယ့်မြန်မာနိုင်ငံမှာ လာ လုပ်တယ်ဆိုတော့ အားလုံး စည်း လုံးညီညွတ်စွာနဲ့
လုပ်စေချင် တယ်။ အားကစားသမားတွေက မြန်မာ့ဂုဏ်ဆောင်လိမ့်မယ် လို့လည်း
မျှော်လင့်ပါတယ်”
ကိုယ့် နိုင်ငံမှာ လုပ်တဲ့ပွဲကို သိုက် သိုက်မြိုက်မြိုက် ဖြစ်စေချင် တယ်…
ဝါဆိုမိုးဦး
“ဆီးဂိမ်းပွဲတော်က နှစ် တွေ အများကြီးကြာမှ လုပ် ဖြစ်တာလေ။ အနုပညာ မောင်
နှမတွေကလည်း တက်တက် ကြွကြွနဲ့ ဆီးဂိမ်းလှုံ့ဆော် ရေးပွဲတွေ လုပ်ကြတယ်။
ကိုယ့် နိုင်ငံမှာ လုပ်တဲ့ပွဲကို သိုက် သိုက်မြိုက်မြိုက် ဖြစ်စေချင် တယ်။
ကိုယ့်နိုင်ငံကို နိုင်စေချင်တယ်။ ကိုယ့်ကို တာဝန်ပေးရင် ပေးသလို
ပါဝင်သွားဖြစ်မှာပါ။ ဆီးဂိမ်း လှုံ့ဆော်ပွဲတွေမှာ တစ် ဖက်တစ်လမ်းကနေ
ပါဝင်ခွင့် ရတဲ့အတွက်လည်း ဝမ်းသာ ဂုဏ်ယူမိပါတယ်”
မြန်မာပြည်ရဲ့ လှပတဲ့ ရှုခင်းတွေကိုလည်း ကမ္ဘာက ပိုပြီးသိသွားမယ်…
သဉ္ဇာနွယ်ဝင်း
“ဆီးဂိမ်းပွဲကြီးကလည်း နီးလာပြီဖြစ်တဲ့အတွက် အရင် ကထက်စာရင်
နိုင်ငံခြားသား တွေလည်းလာကြမယ်။ ပြီး တော့ မြန်မာပြည်ရဲ့ လှပတဲ့
ရှုခင်းတွေကိုလည်း ကမ္ဘာက ပိုပြီးသိသွားမယ်။ ဆီးဂိမ်းပြိုင် ပွဲကြီးလည်း
အောင်အောင် မြင်မြင်နဲ့ ပြီးပါစေလို့လည်း ဆုတောင်းပါတယ်။ ဆီးဂိမ်းပြိုင်
ပွဲကြီးက နတ်ကြီးပါတယ်။ အဲဒီအတွက်ေ ကြာင့် ပြိုင်ပွဲ ဝင်မယ့်သူတွေ
အားလုံးကို အဓိကအားဖြင့် ကျန်းမာ ရေးကို ဂရုစိုက်ပြီး အကောင်း ဆုံး
ပြိုင်စေချင်ပါတယ်။ သူတို့ ကလည်း ကြိုးစားပြီး အကောင်း
ဆုံးပြိုင်ကြမှာဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံကသူတွေကို ဆုတွေ အများကြီး
ရစေချင်ပါတယ်”
ပေါ်ပြူလာအဖွဲ့
Popular Journal
No comments:
Post a Comment