အိမ့်ချစ်က သားစိုး တို့ရဲ့ ရွှေပိုး နန်းတော် ဖက်ရှင် ရှိုးပွဲမှာ ရွှေပိုး
နန်းတော် ရဲ့ ပိုးထည်ချည်ထည်အဝတ်ထည်ကို မြန်မာ ဆန်စွာ ဝတ်ဆင်ပြီး
သီချင်းများ နဲ့ ဖျော်ဖြေ ပေး ခဲ့ပါတယ်။
ခေတ်ဆန်ဆန် သီချင်းမျိုးကို မြန်မာ ဝတ်စုံဝတ်ပြီး ဆိုရတာနဲ့ ပတ်သက်ပြီး
“ညီမတို့ မြန်မာ ဝတ်စုံကတော့ အမြဲလို ဝတ်ဖြစ်တဲ့ အတွက် အဆင်ပြေပါတယ်။
တစ်ခုရှိတာက သီချင်း ဆိုတဲ့ နေရာမှာ ဝတ်စုံနဲ့ လိုက်ဖက်မယ့် သီချင်းပုံစံ
မျိုးလေးတွေတော့ ပြင်ဆင်ရတာပေါ့။ တအားကြီး မြူးကြွ ဆူညံတဲ့ သီချင်း
မျိုးတော့ ရွေးလို့မ ရဘူးပေါ့” လို့အိမ့်ချစ်က ပြောပါတယ်။
မကြာခင်မှာ သီတင်းကျွတ်တော့ မှာဖြစ်ပြီး အိမ့်ချစ်ရဲ့ အချစ်ရေးက လည်း
တန်ဆောင်မုန်း လပြည့် မတိုင်ခင်လို့ သိရတာကြောင့် စိတ်ဝင်စားမှု နဲ့
မေးကြည့် တော့ “ညီမ ရဲ့ ဒုတိယ အခွေ နာမည်ကို “အချစ်ရေး” လို့ ပေးထား တယ်။
ပေးဖြစ်တာ ကတော့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ အနုပညာရှင်တွေရဲ့ အချစ်ရေး
လို့မေးရင်ပြန်ဖြေ တဲ့ကြားနေကျ စကားလုံးတွေကို ထုတ်နုတ်ပြီး ဖန်စီဆန်ဆန်
သီချင်းလေး ရေးထားတာပါ။ အဲဒါက ညီမ ကိုယ်တိုင် ပဲရေးမှာပါ။ ညီမရဲ့ အချစ်ရေး
ကိုမေးရင်တော့ ခုချိန် မှာပြောရရင် ညီမ အမှန်အတိုင်းပဲ ပြောပါတယ်။ တကယ်
တမ်းရှိတဲ့ အချိန်ကျရင်တော့ ဘယ်လိုပဲ ဖုံးထား ဖုံးထားသိရမှာပါ။
အခုချိန်မှာတော့ မရှိသေးပါဘူး။ ညီမရဲ့ “အချစ်ရေး” ဆိုရင်တော့ နိုဝင်ဘာ ၁၆
ရက်လို့ပဲ ပြောရမှာပါ။ အဲဒီနေ့မှာ ညီမရဲ့ ဒုတိယ တစ်ကိုယ်တော်
အခွေထွက်ပါမယ်” လို့ အိမ့်ချစ်က ပြောပါတယ်။
အိမ့်ချစ်ရဲ့ ဒုတိယ
အခွေ အချစ်ရေး ထဲမှာတော့ ဖခင်ဖြစ်သူ ချစ်ကောင်း နဲ့အတူ တွဲဖက် သီဆိုထားတဲ့
သီချင်းသစ် ပါဝင် မှာဖြစ်ပြီး အိမ့်ချစ်ရဲ့ မောင်လေးဖြစ်သူ ပြည့်ဖြိုးပိုင်
လည်း ပါဝင်မှာကြောင့် မိသားစု စုံလင်စွာ သီဆိုထားတဲ့ သီချင်း တစ်ပုဒ်
ပါဝင်မှာဖြစ်ပါတယ်။ “ညီမနဲ့ မောင်လေး က အပြင်တွေ လျှောက်လည် ကြတယ်ပေါ့။
ဂေါ်လီ ဆန်ဆန် မောင်နှမပေါ့။ အဖေက လည်း ဂေါ်လီ ဆိုတော့ သူကနင်တို့
အပြင်သွားရင် ငါနဲ့ မတွေ့အောင်ရှောင်ပေါ့။ အဲ့ဒီ လို အဓိပ္ပာယ် မျိုးလေး
ပါတဲ့ သီချင်းမြူးမြူးပျော် စရာ သီချင်းလေး တစ်ပုဒ် လုပ်မှာပါ။ သီချင်း
အဟောင်း မဆိုဖြစ်တာက မောင်လေး က ခုမှ စဆိုမှာ ဆိုတော့ သူလည်း ဆိုနိုင်မယ့်
သီချင်း ပုံစံမျိုးကို အဖေ နဲ့ ညီမ နဲ့က တွဲခေါ်ပြီး ဆိုမှာပါ”လို့ မိသားစု
စုံလင်စွာ နဲ့ သီဆိုမယ့် သီချင်း ရဲ့ အကြောင်းကို အိမ့်ချစ်က
ပြောပြခဲ့ပါတယ်။
ရဲရဲ
Popular Journal
No comments:
Post a Comment