ဂျပန်နိုင်ငံမှာ Samsung ရဲ့  Galaxy J ကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်
ပါတယ်။
သို့ပေမယ့် ဝမ်းနည်း စရာပဲလား၊ ဝမ်းသာစရာပဲလားတော့မသိဘူး။
ဂျပန်နိုင်ငံအတွက်ပဲ သီးသန့်ရည်ရွယ်ပြီး ထုတ်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။
မျက်နှာပြင် အရွယ်က ၅ လက်မ ရှိပြီး Full HD Super AMOLED Display ကို
အသုံးပြု ထားပါတယ်။ 2.3 GHz quad core processor ကို အသုံးပြု ထားပါတယ်။
RAM က 3GB ပါ။ 150Mbps Xi LTE Support ပါဝင်ပါတယ်။ နောက်ကင်မရာ 13
megapixel, ရှေ့ ကင်မရာ 2 megapixel ပါဝင်ပြီး ဘက်ထရီက 2600 mAh ဖြစ်ပါတယ်။
NFC ပါဝင် ပါတယ်။ အပြင်ပုံပန်းသဏ္ဍာန် အရွယ်အစားက Samsung Galaxy S4 က
ယူထားပြီး အတွင်းက နည်းပညာ ပစ္စည်းများကတော့ Samsung Galaxy Note 3 က
ယူထားခြင်း ဖြစ်ပါတယ်။ ဒီတော့ ဈေးနှုန်းကလည်း သူတို့ နှစ်ခုကြားမှာ
ရှိနေမှာပါ။
Samsung Galaxy J လို့ အမည်ပေးရတဲ့
အကြောင်းအရင်းကလည်း ဂျပန်နိုင်ငံ အတွက်ပဲ သီးသန့် ရည်ရွယ်တာမို့ J လို့
တပ်ရခြင်း ဖြစ်ကြောင်း သိရ ပါတယ်။
Ref: pocketlint
Aung Kham (TSJ Team)
No comments:
Post a Comment