လွန်စနိုးဒင်းသည် ရုရှားတွင် ယာယီနိုင်ငံရေး ခိုလှုံခွင့်ဖြင့်
နေထိုင်လျှက်ရှိ သည့်
သားဖြစ်သူကို တွေ့ဆုံရန် မော်စကိုထိ
သွားရောက်ခဲ့ခြင်းဖြစ်ပြီး မိမိ၏သားသည် လုံခြုံဘေးကင်းပြီး အေးအေးလူလူ
နေထိုင်လျှက်ရှိကြောင်း မီဒီယာများအား ပြောကြားခဲ့သည်
မော်စကိုတွင် စနိုးဒင်းကို ၎င်း၏ဖခင် သွားရောက်တွေ့ဆုံ
အမေရိ ကန် ပြည်ပြေး အက် ဒွပ် စနိုးဒင်း၏ ဖခင်သည် ရုရှားနိုင်ငံတွင်
သားဖြစ်သူကို သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ လွန်စနိုးဒင်းသည်
ရုရှားတွင် ယာယီနိုင်ငံရေး ခိုလှုံခွင့်ဖြင့် နေထိုင်လျှက် ရှိသည့်
သားဖြစ်သူကို တွေ့ဆုံရန် မော်စကိုထိ သွားရောက်ခဲ့ခြင်းဖြစ်ပြီး မိမိ၏သားသည်
လုံခြုံဘေးကင်းပြီး အေးအေးလူလူ နေထိုင်လျှက်ရှိကြောင်း မီဒီယာများအား
ပြောကြားခဲ့သည်။ အသက်(၃၀)အရွယ် စနိုးဒင်း သည် ထောင်နှင့်သောင်းနှင့်ချီ
များပြားသည့် အမေရိကန်နှင့် ဗြိတိသျှ ထောက်လှမ်းရေး သတင်းအချက်အလက်များကို
ပေါက် ကြားစေခဲ့သူ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် CIAနှင့် NSA
အရာရှိဟောင်းကို ပြန်လည် လွှဲအပ်ပေးရန် တောင်းဆိုခဲ့သော်လည်း ရုရှားက
ငြင်းဆိုသဖြင့် နိုင်ငံကြီး နှစ်ခုကြား သဘောထား ကွဲလွဲမှုများ
ဖြစ်ပေါ်ခဲ့သေးသည်။
စနိုးဒင်းသည် အမေရိကန်သို့ ပြန်သွားပါက အစိုးရ
လျှို့ဝှက်ချက် များ ဖော်ထုတ်မှု၊ အခွင့်မရှိဘဲ အမျိုးသား ကာကွယ်ရေး
သတင်းအချက်အလက်များ ပေါက်ကြားစေမှု အပါအဝင် စွဲချက်အမျိုးမျိုးဖြင့်
ထောင်ဒဏ် (၁၀)နှစ်မျှထိ ကျခံရဖွယ် ရှိနေသည်။ လွန်က "ကျွန်တော့်သားက
ကျန်းကျန်းမာမာ၊ ဘေးကင်းကင်း ရှိနေသလို လွတ်လွတ်လပ်လပ်လည်း ဖြစ်နေတဲ့အတွက်
ကျွန်တော် အင်မတန်မှ ကျေနပ်မိပါတယ်"ဟု သတင်းထောက်များအား ပြော ကြားခဲ့သည်။
၎င်းသည် ယမန်နေ့က မော်စကိုရှိ ရှာရီမက်ယီဗို လေ ဆိပ်သို့ ရောက်ရှိလာရာ
စနိုးဒင်း၏ ရှေ့နေဖြစ်သူ အန်တိုလီ ကူချာရီနာနှင့်အတူ သတင်းစာ
ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သေးသည်။
ထိုစဉ်ကမူ လွန်က "ကျွန်တော်
ဒီကိုရောက်လာတာ သားရဲ့ အခြေအနေကို သိချင်လို့ပါ။ သူ့ရဲ့ ကျန်းမာရေးနဲ့
ဥပဒေရေးရာ ရွေးချယ်ခွင့်တွေကို သေချာ နားလည်ဖို့ လိုပါတယ်"ဟု
ပြောဆိုခဲ့ဖူးသည်။ လွန်အား သတင်းထောက် များက စနိုးဒင်းအနေဖြင့် အမေရိကန်
ပြန်သွားရန် အစီအစဉ် ရှိမရှိ မေးမြန်းခဲ့ရာ ၎င်းက "ကျွန်တော် သေချာတော့
မပြောနိုင်ဘူး။ ဒါက သူ့ဆုံးဖြတ်ချက်ပါ။ ကျွန်တော့်သားက အရွယ်ရောက်နေပြီးသား
လူတစ်ယောက် ဖြစ်ပါတယ်"ဟု ဖြေကြားသွားသည်။
Planet Myanmar Network
No comments:
Post a Comment