အရီဇိုးနားဖွား အသက်(၂၄)နှစ်အရွယ် မင်းသမီးသည် ကမ္ဘာဦးခေတ် လူသားတို့၏
စူးစမ်းထိုးထွင်းမှု စွမ်းရည်ကို သရုပ်ဖော်ထားသည့် ကာတွန်းရုပ်ရှင်တွင်
ဇာတ်ဆောင် မိန်းကလေး Eep Croodအဖြစ် ပါဝင်ခဲ့သည်
The Croods တွင် သရုပ်ဆောင်ခဲ့ရသည်ကို ကျေနပ်ကြောင်း
အမ်မာစတုန်းဖွင့်ဟသူမအနေဖြင့် The Croods ဇာတ်ကားတွင် အသံဖြင့်
သရုပ်ဆောင်ခဲ့ရသည်ကို အလွန်သဘောကျခဲ့ကြောင်း အမ်မာစတုန်းက ဝန်ခံ
ပြောကြားခဲ့သည်။ အရီဇိုးနားဖွား အသက်(၂၄)နှစ်အရွယ် မင်းသမီးသည် ကမ္ဘာဦးခေတ်
လူသားတို့၏ စူးစမ်းထိုးထွင်းမှု စွမ်းရည်ကို သရုပ်ဖော်ထားသည့်
ကာတွန်းရုပ်ရှင်တွင် ဇာတ်ဆောင် မိန်းကလေး Eep Croodအဖြစ် ပါဝင်ခဲ့သည်။
သူမနှင့်အတူ နစ်ကိုလက်စ်ကေ့ဂ်ျ၊ ရိုင်ယန်ရေးနိုးလ်၊ ကက်သရင်းကီနာ၊
ကလာ့ခ်ဒုခ်နှင့် ကလိုရစ်လိခ်ျ မန်းတို့သည်လည်း အသံသရုပ်ဆောင်များ အနေဖြင့်
ယင်းဇာတ်ကားတွင် ပါဝင်ခဲ့သည်။ Amazing Spiderman ဇာတ်ဆောင် မင်းသမီးက
သူမသည် ယင်းကာတွန်းရုပ်ရှင်ကို ပြန်ကြည့်တိုင်း အလွန်နှစ်သက်ကြောင်း
ဝန်ခံခဲ့သည်။
နယူးယော့ခ်တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌
အမ်မာက "ဒီဇာတ်ကားကို ပြန်ကြည့်တိုင်း အံ့ဩကြည်နူးတဲ့ ခံစားချက်မျိုး
ဖြစ်လာမိပါတယ်။ ဇာတ်လမ်းတင်ဆက်ပုံက သိပ်ကောင်းသလို ဇာတ်ကြောင်းကလည်း
ချစ်စရာကောင်းပြီး နှလုံးသားကို ညှို့ငင်နိုင်တဲ့ ဖန်တီးမှုမျိုးပါ။
ဒီဇာတ်ကားမှာ ပါဝင်ရတာကို ကျွန်မ အရမ်းသဘောကျတယ်"ဟု ပြောကြားခဲ့သည်။ သူမက
ယခုဇာတ်ကားသည် မိဘများ၏ လောင်းရိပ်အောက်တွင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်
မရှိတော့ဘဲ ပိတ်မိနေသည့် ကလေးငယ်များအတွက် အတွေးအမြင် တစ်ခုခု
ပေးအပ်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ဆိုသည်။
"မျိုးဆက်တိုင်းမှာ ကလေးငယ်တွေဟာ တစ်ချိန်ချိန် မိဘဆီက ခွဲခွာပြီး
ကိုယ်တိုင်ရပ်တည်ရမှာပါပဲ။ ငှက်ကလေးတွေ အရွယ်ရောက်လာရင် အသိုက်က
ပျံထွက်သွားသလိုပေါ့။ ဒီအချိန်မှာ ကိုယ်ပိုင် အတွေးအမြင်တွေ ရှိနေဖို့
လိုပါလိမ့်မယ်"ဟု အမ်မာက မှတ်ချက်ပြုခဲ့သည်။ အမ်မာသည် The Croodsကို
နောက်ဆက်တွဲ ဆက်လက်ရိုက်ကူးမည့် ဇာတ်ကားတွင်လည်း ပါဝင်ရန် သဘောတူညီထားပြီး
ဖြစ်သည်။
Planet Myanmar Network
No comments:
Post a Comment