အီတလီ လက်ရွေးစင် အဖြစ်ပြန်လည်ရွေးချယ် ခံထားရသည့် ရော့ဆီက တိုက်စစ်တွင် ဘာလော့တယ်လီနှင့် တွဲဖက် ကစားနိုင်ကြောင်းပြော လိုက်သည်။
ရော့ဆီမှာ ဒဏ်ရာကြောင့် ကာလရှည်ကြာနားနေရသည့်
အတွက်၂နှစ် နီးပါး ကစားခွင့် အားဆုံးရှုံးခဲ့ရပြီး ယင်းအချိန်တွင် နည်းပြ
ပရင်ဒယ်လီ၏ လက်အောက်တွင် ဘာလော့တယ်လီမှာ ပုံမှန်ပွဲထွက်ခွင့်ရထားခဲ့သည်။
ဘာလော့တယ်လီမှာ ယမန်နှစ် ဇန်န၀ါရီလ အပြောင်းအရွှေ့က မန်စီးတီး မှအေစီ မီလန်
သို့ပြန်လည်ပြောင်းရွှေ့ လာခဲ့ပြီးနောက် ၄င်း၏ ဂိုးသွင်း စွမ်းရည်မှာ
ပိုမိုကောင်းမွန်လာ ခဲ့သည်။
ရော့ဆီက "ဘာလော့တယ်လီရဲ့စရိုက်
လက္ခဏာကို လူတိုင်းသိပါတယ်။ သူက တကယ် ထူးချွန်တဲ့ ကစားသမားပါ။ ဒါပေမဲ့
ကျွန်တော် အနေနဲ့ တိုက်စစ်မှာ ဘယ်ကစားသမားနဲ့ မဆိုတွဲ ဖက်ကစားနိုင်
တယ်"ဟုပြော သည်။ အသက်၂၆နှစ် ရှိပြီဖြစ် သူရော့ဆီက အီတလီ အသင်း အတွက်ပြန်
လည်ရွေး ချယ်ခံ ရခြင်းကြောင့်ပျော် ရွင်လျက်ရှိကာ ယင်းသို့ပြန်ရွေး
ချယ်ခံရခြင်းက မိမိအိမ်သို့ပြန် လည်ရောက်ရှိ သည့် ခံစားချက်မျိုး
ပင်ဖြစ်ကြောင်းပြောခဲ့သည်။ ယခုနှစ် စီးရီးအေဘောလုံး ရာသီတွင်(၆) ဂိုးဖြင့်
ဂိုးအများဆုံး သွင်းထားသည့် တိုရီနို တိုက်စစ်မှူး ဆာဆီနောက်တွင်
ရော့ဆီက(5)ဂိုး ဖြင့် တတိယနေရာမှ ရပ်တည် လျက်ရှိ သည်။
Goal Myanmar
No comments:
Post a Comment