ဂျာမနီဝန်ကြီးချုပ် မာကယ်လ်၏ ဆဲလ်ဖုန်းအား အမေရိကန် NSA က လျှို့ဝှက်ထောက်လှမ်းကာ ဖုန်းခေါ်ဆိုပြောကြားမှုများကို
ကြားဖြတ်ဖမ်းယူနိုင်ကြောင်း ဂျာမနီအစိုးရက သံသယရှိခဲ့ပြီးနောက် မာကယ်လ်က အဆိုပါကိစ္စအတွက် ဖြေရှင်းချက်ပေးရန် အိုဘားမားကို တောင်းဆိုလိုက်သည်။
အမေရိကန် NSA သည် ပြင်သစ်၊ မက္ကဆီကို၊ ဘရာဇီးလ် စသည့် ၎င်း၏
မဟာမိတ်နိုင်ငံများ၏ အစိုးရခေါင်းဆောင်များနှင့် ထိပ်တန်း
စီးပွားရေးလုပ်ငန်းရှင်းများကို လျှို့ဝှက်စောင့်ကြည့်
ထောက်လှမ်းခဲ့ကြောင်း သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်လျက်ရှိသည်။ NSA
ဝန်ထမ်းဟောင်း အက်ဒ်ဝပ် စနိုးဒင်းက ထောက်လှမ်းရေးဆိုင်ရာ
လျှို့ဝှက်ချက်များ ဖွင့်ချခဲ့မှုနှင့်အတူ ယခုသတင်းများ
ဆက်တိုက်ထွက်ပေါ်လာခြင်းဖြစ်သည်။
Planet Myanmar Network

No comments:
Post a Comment