Pages

24.10.13

Volkswagen မော်တော်ယာဉ်ပြုပြင်ရေးအလုပ်ရုံ ဖွင့်လှစ်ရန်စီစဉ်

Volkswagen မော်တော်ယာဉ်များ ပြုပြင်
ထိန်းသိမ်းမည့် အလုပ်ရုံတစ်ခုကို မြန်မာပြည်တွင် 
ပထမဆုံးအနေနှင့် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း
Yoma Strategic ကုမ္ပဏီမှ သိရသည်။ အဆိုပါအလုပ်ရုံဖွင့်လှစ်နိုင်ရန်အတွက် Volkswagenနှင့် သဘောတူညီလက်မှတ်ရေးထိုးပြီးဖြစ်ပြီး ၄င်းအလုပ်ရုံကို ယခုလအတွင်း စတင်ဖွင့်လှစ်သွားရန်စီစဉ်ထားကြောင်း ရိုးမလုပ်ငန်းစု၏ထုတ်ပြန်ကြေညာချက်အရ သိရသည်။

၎င်းလုပ်ငန်းကို ရိုးမလုပ်ငန်းစုမှ အစုရှယ်ယာ ၇၀ရာခိုင်နှုန်းကျော်ပိုင်ဆိုင်ထားသည့် German Car Industries ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအပြင် နောက်ပိုင်းတွင် အပိုပစ္စည်းများ ရောင်းချပေးနိုင်ရန်ကိုပါ စီစဉ်သွားမည်ဟုသိရသည်။ ရိုးမလုပ်ငန်းစုသည် စင်ကာပူနိုင်ငံ Securities Exchange Trading Limited (SGX-ST) ၏ အဓိကစာရင်းဝင် ဖြစ်ပြီး မြန်မာနှင့်တရုတ်နိုင်ငံများတွင် အိမ်ခြံမြေ၊ လယ်ယာစိုက်ပျိုးရေး၊ မော်တော်ယာဉ်နှင့် အဆင့်မြင့်ခရီးသွားလုပ်ငန်းဝန်ဆောင် မှုများလုပ်ကိုင်လိုက်ရှိသည့် ထိပ်တန်းစီးပွားရေးကော်ပိုရေးရှင်းတစ်ခုဖြစ်သည်။

သုတလင်း
Popular Myanmar News Journal

No comments:

Post a Comment