မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက်နန်းစိုက်ခဲ့ရာ မန္တလေးနန်းတော်ကြီး ကို ပြန်လည်ပြုပြင်ရန် မင်းတုန်းမင်းနှင့် သီပေါမင်းအနွယ်တော်များက အစိုးရထံ ခွင့်ပြုမိန့်တောင်းခံသွားမည်ဟု သတင်းရရှိသည်။
မြန်မာနိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်ဖြစ်သည့် မန္တလေးနန်းတော်မှာ
ပြုပြင်ထိန်းသိမ်းမှုမရှိဘဲ ပျက်စီးယိုယွင်းနေသည့်အတွက် မင်းတုန်းမင်းနှင့် သီပေါမင်းတို့၏ အနွယ်တော်များက လာမည့်နှစ်တွင် ခွင့်ပြုမိန့်တောင်းခံ၍ ပြုပြင်သွားမည်ဟု သီပေါမင်း၏ တီတော်ဖြစ်သူ ဦးကျော်သီဟက ပြောသည်။
နိုဝင်ဘာ ၂၅ရက်က အိန္ဒိယတရားရုံးက ၁၄နှစ်အရွယ်
သမီးဖြစ်သူနှင့် အိမ်စေအမျိုးသားတို့ကို သတ်ဖြတ်မှုနှင့် မိဘ နှစ်ပါးကို ထောင်ဒဏ်တစ်သက်ချမှတ်လိုက်သည်။ ငါးနှစ်တာကြာခဲ့သည်အမှုသည် နိုင်ငံ၏ သတင်းလောကတွင် အလွန်ရေပန်းစားသော အဖြစ်အပျက် ဖြစ်သွားခဲ့သည်။
နယူးဒေလီမြို့ နွိုင်ဒါဆင်ခြေဖုံးအရပ်မှ ရာဂျက်ရှ်နှင့်နူပါ တယ်ဝါ ဇနီးမောင်နှံသည် စီရင်ချက်ချသည့်နေက မျက်ရည်ဝိုင်းခဲ့ရပြီး သူတို့၏ စီရင်ချက်အတွက် အယူခံဝင်သွားမည်ဟု ဆိုသည်။ တရားခံရှေ့နေ ရေဘက်ကာဂျွန်က ယခုအမှုတွင် ဖြစ်စဉ် တစ်လျှောက်လုံးသည် မှားယွင်းမှုများနှင့် ပြည့်နှက်နေခဲ့ကြောင်း၊ တရားရုံးသည် ပတ်ဝန်းကျင်မှ အခြေအမြစ် မရှိသော ထွက်ချက်များကို အခြေခံကာ စီရင်ချက် ချခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၂၆၇က်တွင် မီဒီယာများကို ပြောပြခဲ့သည်။