မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံတကာ
ကျောင်းသားများ စီးနင်း
လိုက်ပါလာသော အဝေးပြေး ယာဉ်တစ်စင်းသည် နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂
နာရီခန့်က ဖူးခက်မြို့အဝင်
ပတန် (Patong)
တောင်ပေါ်၌ တိမ်းမှောက်
သွားပြီး မြန်မာ ကျောင်းသားကိုးဦး အပါအဝင်
နိုင်ငံတကာ ကျောင်းသား ၂၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Phuket Wan
ခရီးသွားဌာန
တွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံ ဘန်ကောက်ရှိ Asian
Institute of Technology (AIT) မှ ကျောင်းသား၊ ကျောင်းသူ နှစ်ရာ၏ လေ့လာရေး
ခရီးစဉ်ကို အဝေးပြေးယာဉ် လေးစီးဖြင့် ဘန်ကောက်မြို့မှ ထွက်ခွာခဲ့ရာ ပတန်
တောင်တက်ခရီးတွင် အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ကြောင်း၊
ယင်းတိမ်းမှောက်ခဲ့သော ယာဉ်သည် နောက်ဆုံးယာဉ် ဖြစ်ပြီး ခရီးသည် ၄၀ ကျော်
လိုက်ပါလာခဲ့ကြောင်း အဆိုပါ သတင်းဌာနထံမှ သိရသည်။
အဆိုပါ
ယာဉ်တိမ်းမှောက် မှုကြောင့် မြန်မာနိုင်ငံသား ကိုးဦး၊ သီရိလင်္ကာ နိုင်ငံသား
ရှစ်ဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လေးဦး၊ ပါကစ္စတန် နိုင်ငံသားနှစ်ဦး၊
ထိုင်းနိုင်ငံသား နှစ်ဦး၊ နိုက်ဂျီးရီးယား နိုင်ငံသား တစ်ဦးနှင့် နီပေါ
နိုင်ငံသားတစ်ဦးတို့ ထိခိုက်ခဲ့ပြီး ဒဏ်ရာ အပြင်းအထန်ရရှိသူ ၁၀ ဦးကို
ဖူးခက်မြို့ရှိ Bangkok Hospital Phuket သို့ လွှဲပြောင်းထားသည်။
ယင်းဒဏ်ရာ ရရှိသူများတွင် ဦးခေါင်း ထိခိုက်သူ သုံးဦး၊ အတွင်းဒဏ်ရာ ရရှိသူ
သုံးဦး ပါဝင်ပြီး ကျန်လူနာများမှာ ခြေထောက် ထိခိုက်မိသူများ ဖြစ်ကြောင်း
Phuket Wan သတင်းဌာန ဖော်ပြချက်အရ သိရသည်။
“ယာဉ်မောင်းကတော့ ကားကိုပဲ အပြစ်တင်ထားတယ်” ဟု ယင်းခရီးစဉ်တွင် လိုက်ပါလာသော ဧည့်လမ်းညွှန်တစ်ဦးက ပြောကြားသည်။
ဖူးခက်ကမ်းခြေ လမ်းခရီးတွင် ယင်းကဲ့သို့ ယာဉ်တိမ်းမှောက်မှုမျိုး မကြာခဏ
ဆိုသလို ဖြစ်လေ့ရှိကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
The Voice Weekly
No comments:
Post a Comment