အမေရိကန်နိုင်ငံသည် အငြင်းပွားလျက်ရှိသော တျောင်းယုကျွန်းများအား တရုတ်နိုင်ငံ၏ံ တိုက်ခိုက်နိုင်ဖွယ်ရှိမှုကို ကာကွယ်ရေးအတွက် ဂျပန်နိုင်ငံနှင့်
အတူပူးတွဲ
စစ်ဆင်မှုတစ်ရပ် ပြုလုပ်သွားရန် အစီအစဉ်မရှိကြောင်း
ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ဂျက်ဖ်ပူးလ်က
ပြောကြားခဲ့သည်ဟု နိုဝင်ဘာ ၄ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
နိုဝင်ဘာ ၁ ရက်ဝါရှင်တန် ဒီစီတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ
တစ်ရပ်၌ တျောင်းယုကျွန်းများအား တရုတ်နိုင်ငံက တိုက်ခိုက်ခဲ့လျှင်
အမေရိကန်အနေဖြင့် ဂျပန်အားထောက် ကူပေးရန် ရှိ၊ မရှိမေးမြန်းမှုနှင့်ပတ်သက်၍
ဒုတိယဗိုလ်မှူးကြီး ပူးလ်ကထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သော စက်တင်ဘာလ အတွင်း၌ အမေရိကန် နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး
ဝီလျံဘန်းနှင့် ဂျပန်လွှတ်တော် ကောင်စီအဖွဲ့ဝင် နတ်ဆူအိုယာမာဂူချီတို့
ဝါရှင်တန်ဒီစီတွင် တွေ့ဆုံ ဆွေးနွေးစဉ် အဆိုပါကျွန်းများနှင့် ပတ်သက်၍
ဂျပန်နိုင်ငံအား ထောက်ကူပေးမည်ဟု အမေရိကန်နိုင်ငံက ထပ်လောင်း အတည်ပြု
ပြောကြား ခဲ့ကြောင်း ဂျပန်နိုင်ငံပိုင် Kyodo သတင်းဌာနက ဖော်ပြခဲ့မှုကို
ဒုတိယ ဗိုလ်မှူးကြီးပူးလ်က ငြင်းဆိုခဲ့သည်။
တရုတ်နှင့် ဂျပန်အကြား
နယ်နိမိတ် အငြင်းပွားမှုနှင့် ပတ်သက်၍ ဘက်လိုက် ဆောင်ရွက်ရန် ဆိုသည်မှာ
အမေရိကန် အစိုးရ၏ မူဝါဒ မဟုတ်ကြောင်းနှင့် ငြိမ်းချမ်းသော
နည်းဖြင့်ဖြေရှင်းရန် နှစ်ဖက်စလုံးအား အမေရိကန်နိုင်ငံ အနေဖြင့်
တိုက်တွန်းထားပြီး ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
မြ၀တီ
No comments:
Post a Comment