ပြင်သစ်၌ ယာဉ်ကြီးများ အပေါ် ကာဗွန်ဒိုင်အောက်
ဆိုက် အခွန်ကောက်မည့်အငြင်းပွားဖွယ် အစိုးရ
၏အစီအစဉ်များကို ဆန့် ကျင်ကန့်ကွက်မည့်
အနေဖြင့် စနေ နေ့က ကုန်တင်ယာဉ်ထောင်ပေါင်း များစွာသည် ပြင်သစ်နိုင်ငံတစ်ဝန်း ကားလမ်းများကို ပိတ်ဆို့ခဲ့သည်။
ပါရီ၊ စထရာဘော့ဂ်၊ တူး လောက်စ်၊ ဘော်ဒိုး၊ မာဆေး၊ လိုင်ယွန်အပါအဝင်
ပြင်သစ်မြို့ ကြီးများထဲသို့သွားသောလမ်းများ ကိုပိတ်ဆို့ရန်
နှေးကွေးစွာမောင်း နှင်ခဲ့သော ကုန်တင်ကား ၂၀၀၀ ခန့်ရှိသည်ဟု ရဲတပ်ဖွဲ့က
ခန့်မှန်း ခဲ့သည်။ သို့သော်လည်း စီစဉ်သူ တို့က၄၀၀ဝအထိရှိသည်ဟု ဆိုသည်။
ဆန့်ကျင်ဆန္ဒပြမှုကို ကုန်း လမ်းပို့ဆောင်ရေးဖက်ဒရေးရှင်း ORTE
ကစီစဉ်ခဲ့ပြီး ကားများ သွားလာနိုင်ရန် လမ်းကြောတစ် ခုကိုသာဖွင့်ပေးပြီး
နိုင်ငံခြား ကုန်တင်ကားများကို ပိတ်ဆို့ရန် ကုန်တင်ကားမောင်းသူများကို
ညွှန်ကြားခဲ့သည်။ ''ကျွန်တော် တို့ရပ်ထားချိန်မှာ ကျွန်တော်တို့
ရဲ့ပြိုင်ဘက်တွေကို ဆက်ပြီးမ မောင်းစေချင်ဘူး''ဟု OTRE ခေါင်းဆောင်
အေလိုင်းမက်စ်ပ လေးက အေအက်ဖ်ပီသို့ ပြော ကြားခဲ့သည်။
Yangon Media Group
No comments:
Post a Comment