Pages

18.11.13

လစ်ဗျားတွင် ဆန္ဒပြသူ ၄၃ဦးသေဆုံးကာဒဏ်ရာရရှိသူ ၄၅ဝဦးအထိ ရှိလာ

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ တွင် ပြီးခဲ့သော
စနေနေ့က ပြည် တွင်းလက်နက်ကိုင်တပ်ဖွဲ့
ဝင်များ နှင့် ဆန္ဒပြပြည်သူများ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်တပ် ဖွဲ့ဝင်များ၏ပစ်ခတ်မှုကြောင့် ဆန္ဒ ပြသူ ၄၃ဦးသေဆုံးခဲ့သည်ဟု သိ ရသည်
။သောကြာနေ့မှစတင်ခဲ့သော အဆိုပါဆန္ဒပြမှုတွင် လူပေါင်း ၄၅ဝကျော် ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့ပြီး လစ်ဗျားဝန်ကြီးချုပ် အလီ ဇီဒန်းက ဆန္ဒပြပြည်
သူများနှင့် လက်နက်ကိုင်တဲ့အဖွဲ့များကို အ ချင်းများမှုများအား ရပ်တန့်ကြ ရန် တောင်းဆိုခဲ့သည်ဟုသိရ သည်။

ယခုဖြစ်ပွားခဲ့သော အဓိ ကရုဏ်းသည် ဆန္ဒပြပြည်သူများ က မစ်ရာတာ လက်နက်ကိုင်တပ် ဖွဲ့အခြေစိုက်စခန်းသို့ ချီတက်ကာ ထရီပိုလီမြို့အတွင်းမှ ထွက်ခွာရန် ဆန္ဒပြခဲ့ပြီးနောက် အခြေစိုက် စခန်းအတွင်းမှ သေနတ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။ မစ်ရာတာတပ်ဖွဲ့သည် စနေနေ့အစောပိုင်းတွင် တပ်မ တော်ဘားတိုက်တစ်ခုကို တိုက်ခဲ့ ပြီး လူတစ်ဦးသေဆုံးကာ ရှစ် ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရ သည်။ မစ်ရာတာ လက်နက်ကိုင် တပ်ဖွဲ့သည် ဘားတိုက်အတွင်းမှ လက်နက် ခဲယမ်းမီးကျောက် နှင့် ယာဉ်များကို မောင်းနှင်ယူ ဆောင်သွားကြသည်ဟု သိရ သည်။

မစ်ရာတာ လက်နက်ကိုင် တပ်ဖွဲ့ဝင်များသည် ထရီပိုလီ မြို့အတွင်းသို့ အရှေ့ဘက်ဟန် ဂါဇီမြို့မှ တစ်ဆင့်ဝင်ရောက်ရန် ကြိုးစားခဲ့ကြပြီး ယခုအခါတွင် အဆိုပါ အရှေ့ပိုင်းနှင့် ထရီပိုလီ မြို့တို့ ဆက်သွယ်ထားသောလမ်း ကိုပိတ်ပင်ထားသည်ဟုသိရသည်။ လစ်ဗျားနိုင်ငံအတွင်း အစိုးရက ၂၀၁၁ခုနှစ် အာဏာရှင် ကဒါဖီ ကိုဖြုတ်ချရာတွင် ပါဝင်ကူညီခဲ့ သော လက်နက်ကိုင်တပ်ဖွဲ့ဝင် များကို လက်နက်ချရန် တောင်း ဆိုခဲ့သော်လည်း လက်နက်ကိုင် တပ်ဖွဲ့ဝင်များက လိုက်နာခြင်းမရှိ ခဲ့သည့်အတွက် ယခုကဲ့သို့ ဆန္ဒ ပြမှုများဖြစ်ပွား လာခြင်းဖြစ်သည်။

Yangon Media Group

No comments:

Post a Comment