ချင်းပြည်နယ် ဟားခါးမြို့တွင် ချင်းအမျိုးသား ညီလာခံကို အဆိုပါမြို့ရှိ ကာဆင်ခန်းမ၌ နိုဝင်ဘာ ၁၂ ရက်က ကျင်းပခဲ့သည်။
အဆိုပါ ညီလာခံသည်
၁၉၄၈ ခုနှစ် ဖော်ဖော်ဝါရီ ၂၀ ရက် ဖလမ်းမြို့တွင် ကျင်းပခဲ့သော
ချင်းအမျိုးသား ညီလာခံပြီးနောက်ပိုင်း (၆၅) နှစ်အကြာမှ
ပြန်လည်ကျင်းပခွင့်ရသော ညီလာခံဟု သိရသည်။
"ချင်းအမျိုးသား တပ်ဦးက
ပြည်ထောင်စု အစိုးရနဲ့ သဘောတူစာချုပ် ချုပ်တုန်းက ပြည်သူလူထုနဲ့
တွေ့ဆုံဆွေးနွေးပွဲ လုပ်မယ်လို့ တောင်းဆိုထားပါတယ်။ အဲဒီအချက်ကနေ
တစ်ဆင့်ပြီးတစ်ဆင့် ချင်းပြည်သူတွေနဲ့ တွေ့ဆုံခဲ့တယ်။ ချင်းပြည်နယ်
အတွင်းမှာ ရထားတဲ့ လူထုတွေ့ဆုံပွဲ ရလဒ်တွေကို စုဆောင်းပြီးတော့
ချင်းတစ်မျိုးသားလုံးရဲ့ အမြင်က ဘာလဲ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာသော်
လည်းကောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာသော် လည်းကောင်း၊
ပြည်ထောင်စုကို ပြန်လည်ထူထောင်တဲ့ အခါမှာ ချင်းလူမျိုးတွေရဲ့ အမြင်က
ဘာလဲဆိုတာကို ပြန်လည်စုဆောင်း ချင်တာဖြစ်တယ်။ ဒီညီလာခံကနေရတဲ့
အချက်အလက်တွေကို ကိုင်ပြီးတော့ ချင်းအမျိုးသားတပ်ဦး အနေနဲ့
ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲလို လုပ်တဲ့အခါသော် လည်းကောင်း၊
ပင်လုံကဲ့သို့သော ညီလာခံကို ကျင်းပပေးပြီး စာချုပ်ချုပ်ဖို့ တောင်းဆိုထားတာ
ရှိတယ်။ အဲဒီ တောင်းထားတဲ့ အပေါ်မှာပဲ ဒီသဘောတူညီချက်ကို
ဆက်ပြီးဆွေးနွေးတဲ့ အခါမှာ သယ်ယူသွားဖို့ပါ။ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို
တည်ဆောက်တဲ့ အခါမှာ ချင်းအမျိုးသား တပ်ဦးရဲ့ အမြင်တစ်ခုတည်း မဟုတ်ဘဲ၊
ချင်းတစ်မျိုးသားလုံးရဲ့ အမြင်ကို တင်ပြတဲ့ဟာမျိုး ဖြစ်ချင်တယ်။ အထူးသဖြင့်
ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ နောက်ဆုံးအဆင့်မှာ ပင်လုံကဲ့သို့သော
ပြည်ထောင်စုအဆင့် ညီလာခံ ကျင်းပပြီး ပင်လုံစာချုပ်ကဲ့သို့သော ပြည်ထောင်စု
သဘောတူစာချုပ် ချုပ်ဆိုဖို့ လိုလားပါတယ်။ အဲဒီအခါကျရင် အခုညီလာခံက
ထွက်လာတဲ့ ချင်းပြည်သူ လူထုတွေရဲ့ လိုလားချက်ကို ချင်းအမျိုးသား တပ်ဦးက
ဆက်လက်တောင်းဆိုသွားမှာ ဖြစ်ပါတယ်" ဟု ချင်းအမျိုးသား တပ်ဦး၏ အဓိပတိ
ကောင်စီဝင် ဒေါက်တာဆလိုင်းလျှံမုန်းက ဆိုသည်။
ညီလာခံကို မကြာမီ
ကျင်းပမည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွင် ချင်းလူမျိုးများ၏
ဘုံသဘောထား ရပ်တည်ချက် ဖော်ထုတ်နိုင်ရန်၊ ချင်းလူမျိုးများ၏ ဘုံနိုင်ငံရေး
ညှိနှိုင်းမှု မဟာဗျူဟာ ဖော်ထုတ်နိုင်ရန်၊ ယင်းနိုင်ငံရေး တွေ့ဆုံပွဲတွင်
ချင်းလူမျိုးများကိုယ်စားပြု ပါဝင်ဆွေးနွေးနိုင်မည့် နည်းလမ်းများ
ဖော်ထုတ်နိုင်ရန် . . . . .
အဆိုပါ ညီလာခံသို့ ချင်းပြည်နယ်
ပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်း၊ ချင်းပြည်နယ် ပြည်နယ်ဝန်ကြီးများ၊
ချင်းတိုင်းရင်းသားရေးရာ ၀န်ကြီးများ၊ ချင်းပြည်နယ် ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ်များ၊ ချင်းပါတီ အသီးသီးမှ ကိုယ်စားလှယ်များ၊ ချင်းပြည်နယ်
အတွင်းရှိ မြို့နယ်အသီးသီးမှ လူမျိုးစု ကိုယ်စားလှယ်များ၊ လူမှုရေး
အဖွဲ့အစည်းများ၊ ပြည်ပရောက် ချင်းအမျိုးသားများနှင့် လေ့လာသူများ
တက်ရောက်ခဲ့ကြသည်။
"ချင်းအမျိုးသား ညီလာခံတွင်
ဝိုင်းဝန်းဆွေးနွေးကြမည့် ချင်းအမျိုးသား ညီလာခံ ကျင်းပရေး ကော်မတီမှ
ချမှတ်ထားသော နိုင်ငံရေး မူဘောင်များနှင့် ဘုံနိုင်ငံရေး ရပ်တည်ချက်များသည်
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲမှု ပြုလုပ်ပြီးနောက်
ရှေ့ဆက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည့် နိုင်ငံရေးဆွေးနွေးပွဲများ
ဆက်လက်ကျင်းပနိုင်ရေးအတွက် နိုင်ငံရေး မူဘောင်များ ချမှတ်ရန်ပြင်ဆင်
ဆောင်ရွက်မှုများ၊ ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရေးနှင့်
အမျိုးသားပြန်လည် သင့်မြတ်ရေး ကြိုးပမ်းဆောင်ရွက်မှုများအတွက်
များစွာအထောက်အကူ ပြုမည်ဟု ယုံကြည်သည်" ဟု ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်းက အဆိုပါ ညီလာခံသို့ ပေးပို့သော သ၀ဏ်လွှာမှတစ်ဆင့်
ထည့်သွင်းပြောကြားသည်။ ညီလာခံကို မကြာမီ ကျင်းပမည့် နိုင်ငံရေး
တွေ့ဆုံဆွေးနွေးပွဲတွင် ချင်းလူမျိုးများ၏ ဘုံသဘောထား ရပ်တည်ချက်
ဖော်ထုတ်နိုင်ရန်၊ ချင်းလူမျိုးများ၏ ဘုံနိုင်ငံရေး ညှိနှိုင်းမှု မဟာဗျူဟာ
ဖော်ထုတ်နိုင်ရန်၊ ယင်းနိုင်ငံရေး တွေ့ဆုံပွဲတွင်
ချင်းလူမျိုးများကိုယ်စားပြု ပါဝင်ဆွေးနွေးနိုင်မည့် နည်းလမ်းများ
ဖော်ထုတ်နိုင်ရန်၊ အမျိုးမျိုးသော ချင်းလူမျိုး အဖွဲ့အစည်းများအကြား
အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုနှင့် သွေးစည်းညီညွတ်မှု
ပိုမိုဖြစ်ထွန်းစေရန်တို့ကို ရည်ရွယ်သည်ဟု သိရသည်။ အဆိုပါ ပွဲတော်ကို
နိုဝင်ဘာ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ခန့်မှန်းဦးရေ ၅၀၀ ခန့်
တက်ရောက်ကြသည်ဟု သိရသည်။
Eleven Media Group
No comments:
Post a Comment