နာမည်ကျော် ဘောလိဝုဒ် သရုပ်ဆောင်တစ်ဦး ဖြစ်တဲ့ ရှာရွတ်ခန်းဟာ ကမ္ဘာပေါ်မှာ
မိမိလောက် အကကောင်းသူ မရှိဘူးလို့ ပြောကြားလိုက်ကြောင်း Times of India
သတင်းက ဖော်ပြထားပါတယ်။
အိန္ဒိယ
ဘောလိဝုဒ် ရုပ်ရှင်လောကမှာ နာမည်ကြီး မင်းသားဖြစ်တဲ့ ရှာရွတ်ခန်းဟာ သူ့ရဲ့
Twitter လူမှုကွန်ရက် Website မှာ ရေးသားထားတာက “ကျွန်တော် ကောက်ချက်
ချမိတာကတော့ ကမ္ဘာပေါ်မှာ ကျွန်တော့်လောက် အကကောင်းတဲ့သူ မရှိဘူး ဆိုတာပါပဲ”
ဟု ရေးသားထားတာ ဖြစ်ပါတယ်။
နောက်ပြီး ရှာရွတ်ခန်းက ဆက်လက်
ရေးသားရာမှာတော့ “ကျွန်တော်ရဲ့အကအဖွဲ့ဝင်တွေ ဖြစ်တဲ့ Abhishek, Boman,
Sonu, Vivaan တွေကလွဲရင် ကျွန်တော့်လောက် အကကောင်းတဲ့သူ မရှိဘူးလို့”
ရေးသားထားတာ ဖြစ်ပါတယ်။
ရှာရွတ်ခန်းဟာ Farah Khan's Happy New
Year ဆိုတဲ့ ရုပ်ရှင်ကားမှာ အထက်မှာ ပြောခဲ့တဲ့ အကအဖွဲ့ဝင်တွေနဲ့အတူ
တွဲဖက်ညီညီ ကပြသွားတာကို တွေ့ရတယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။
အိန္ဒိယ ရုပ်ရှင်လောက ဘောလိဝုဒ်မှာ နာမည်ကျော် မင်းသားဖြစ်တဲ့
ရှာရွတ်ခန်းဟာ ခင်မင်နှစ်လိုဖွယ် ကောင်းတာ၊ ကိုယ်ရည်ကိုယ်သွေး
စတာတွေကြောင့် ကမ္ဘာတစ်ဝန်းမှာ စိတ်ဝင်စားခြင်း ခံခဲ့ရတဲ့ အိန္ဒိယ
ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။
The Voice Weekly
No comments:
Post a Comment