မန္တလေးမြို့တော် မရမ်းခြံဆိပ်ကမ်း ဧရာဝတီမြစ်အတွင်း နိုဝင်ဘာလ ၁၂ ရက်နေ့က
ကုန်တင် မော်တော်ငယ်တစ်စင်း တင်းမီးလောင်ခဲ့မှုကြောင့် ဒဏ်ရာရသော လူနာများအနက်
လူနာတစ်ဦးမှာ နိုဝင်ဘာလ ၁၅
ရက်နေတွင် ထပ်မံ သေဆုံးခဲ့ကြောင်း ယင်းလူနာနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။
“နိုဝင်ဘာလ ၁၅ ရက်နေ မနက်အစောပိုင်းမှာ မီးလောင် ဒဏ်ရာတွေနဲ့ ဦးတင်ယု
သေဆုံးသွားပါတယ်” ဟု ယင်းသေဆုံးသူနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက
ပြောကြားသည်။
ယင်းမီးလောင်မှုကြောင့် ဒဏ်ရာရရှိသော ဦးတင်ယုသည်
နိုဝင်ဘာလ ၁၅ ရက်နေ့နံနက် ၀၀း၀၅ နာရီတွင် သေဆုံးခဲ့ကြောင်း မန္တလေးမြို့
အမှတ် (၅) ရဲစခန်းက အတည်ပြု ပြောကြားသည်။
မော်တော်ပေါ်သို့
နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဓာတ်ဆီ ပီပါများ တင်နေစဉ် မီစက်နှိုးရာမှတစ်ဆင့်
မီးလောင်မှုစတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မီးလောင်ဒဏ် ခံရသူ
ကုန်တင်ကုန်ချ လုပ်သား ဂျစ်တူးက The Voice သို့ ပြောကြားသည်။
မန္တလေး-ထီးချိုင့် ပြေးဆွဲနေသော စန္ဒာမင်း အမည်ရှိ ကုန်တင် မော်တော်ပေါ်သို့
နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဓာတ်ဆီပီပါများ တင်နေစဉ် မီးစက်နှိုးရာမှတစ်ဆင့်
ယင်းနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ခြင်း
ဖြစ်ပြီး ယင်းမီးလောင်မှုကြောင့် ဆီကုန်သည် ဖြစ်သူ ဒေါ်ယဉ်ယဉ်မြင့်မှာ
အခင်းဖြစ်ရာ၌ သေဆုံးခဲ့ကာ မီးလောင် ဒဏ်ရာများကြောင့် ထပ်မံသေဆုံးသူ
ဦးတင်ယု အပါအဝင် သေဆုံးသူ နှစ်ဦးရှိပြီ ဖြစ်ကြောင်း သေဆုံး သွားသူများ၏
မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရှိရသည်။
ကျန်
မီးလောင်ဒဏ်ရာ ရရှိသူ ခြောက်ဦးကို မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင်
ကုသပေးလျက် ရှိကြောင်း အဆိုပါ ဆေးရုံကြီး ပြင်ပလူနာဌာနထံမှ
စုံစမ်းသိရှိရသည်။
မန္တလေးမြို့ ဧရာဝတီ မြစ်အတွင်းတွင် ၂၀၁၂ ခုနှစ်
အတွင်းကလည်း လောင်စာဆီတင် မော်တော်တစ်စီး မီးလောင်ခဲ့ဖူးကြောင်း
မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။
The Voice Weekly
No comments:
Post a Comment