အသက်(၄၄)နှစ်ရှိ နာမည်ကျော် အဆိုတော် မင်းသမီးနှင့် အကသမားဖြစ်သူ
ကက်စ်ပါတို့သည် မိမိတို့ကိုယ်ကိုယ် Gladiator တိုက်ခိုက်ရေး
သမားများ သဖွယ်
သဘောထားနေသည့်ဟန် ဓားအတု နှစ်လက်ဖြင့် တိုက်ခိုက်နေခဲ့ခြင်း
ဖြစ်သည်။
ရောမတွင် ဓားချင်းယှဉ်ခုတ်ခဲ့သည့် ဂျေလိုစုံတွဲ
နီဖာလိုပက်ဇ်နှင့် ကက်စ်ပါစမတ်တို့ နှစ်ဦးသည် အီတလီနိုင်ငံ၊
ရောမမြို့တော်ရှိ Coliseum အဆောက်အအုံကြီးတွင်
ဓားချင်းယှဉ်ခုတ်ခဲ့ကြကြောင်း သိရသည်။ သို့သော်လည်း ချစ်သူနှစ်ဦး
ရန်ဖြစ်နေခြင်း မဟုတ်ဘဲ ရောမမြို့သို့ အလည်အပတ် ရောက်ရှိနေစဉ် ရှေးခေတ်
သတ်ပုတ်ကွင်းကြီး၌ အပျော်တမ်း ဓားခုတ်သည့်ဟန် အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ခြင်း
ဖြစ်သည်။ အသက်(၄၄)နှစ်ရှိ နာမည်ကျော် အဆိုတော် မင်းသမီးနှင့် အကသမားဖြစ်သူ
ကက်စ်ပါတို့သည် မိမိတို့ကိုယ်ကိုယ် Gladiator တိုက်ခိုက်ရေးသမားများသဖွယ်
သဘောထားနေသည့်ဟန် ဓားအတု နှစ်လက်ဖြင့် တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့
နှစ်ဦးကို အနီးအနားရှိ လူအများအပြားက သဘောတကျဖြင့် ဓာတ်ပုံရိုက်နေခဲ့သည်။
ကက်စ်ပါသည် ဂျနီဖာထက် အသက်(၁၈)နှစ် ပိုငယ်သူဖြစ်ပြီး မကြာသေးမီက
နှစ်ဦးသား ဆက်ဆံရေးတွင် အက်ကြောင်းများ ထင်ဟပ်လာခဲ့သေးသည်။ သို့သော်လည်း
နောက်ပိုင်းတွင်မူ ပြန်လည်သင့်မြတ် အဆင်ပြေလာပြီး အီတလီသို့ အလည်အပတ်
လာရောက်ခဲ့ခြင်း ဖြစ်သည်။ အသက်(၂၆)နှစ်ရှိ ကက်စ်ပါသည် Coliseum၏ အမှတ်တရ
ပစ္စည်းအရောင်းဆိုင်တွင်လည်း ကလေးနှစ်ဦးစာ လက်ဆောင်များ ဝယ်ယူနေခဲ့သေးသည်။
ယင်းမှာ ဂျနီဖာ၏ အမြွှာကလေးနှစ်ဦးဖြစ်သည့် မက်စ်နှင့် အမ်မီတို့အတွက်
ဖြစ်နိုင်ကြောင်း သတင်းများက ရေးသားခဲ့သည်။ Coliseumသို့ ဂျနီဖာတို့စုံတွဲ
ရောက်ရှိနေစဉ်တွင် ထိုနေရာ၌ ရောမဇာတ်ကား တစ်ခုကိုလည်း ရိုက်ကူးနေပြီး
အဆိုပါ ရိုက်ကွင်းထက် ဂျနီဖာတို့နှစ်ဦးကိုသာ လူအများက
စိတ်ဝင်စားခဲ့ကြောင်းလည်း သိရှိရသည်။
Planet Myanmar Network
No comments:
Post a Comment