ကာတာသည် (၂၀၂၂)ခုနှစ်၊ ကမ္ဘာ့ဖလား
ဘောလုံးပြိုင်ပွဲကြီးအတွက်
ရည်ရွယ်ဆောက်
လုပ်မည့် အယ်လ်ဝက်ခ်ရား ကွင်းကြီး၏ ဒီဇိုင်းပုံစံကို စတင်၍
ထုတ်ဖော်ပြသခဲ့ရာ အမျိုးသမီး တစ်ဦး၏ လိင်အင်္ဂါနှင့် တူညီနေကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ဒီဇိုင်းဆန်းသစ်လွန်း
သဖြင့် ဝေဖန်ချင်စရာ ဖြစ်သွားရသည့် ဘောလုံးကွင်း
ကာတာနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက်
ကြိုတင်စီစဉ်ထားသည့် ဘောလုံးကွင်းအတွက် ဒီဇိုင်းပုံသည် အလွန်အကျွံ
ဆန်းသစ်တီထွင်လိုက်သည့်နောက် ဝေဖန်စရာ အခြေအနေများ ကြုံနေရကြောင်း
သိရှိရသည်။ ကာတာသည် (၂၀၂၂)ခုနှစ်၊ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးအတွက်
ရည်ရွယ်ဆောက်လုပ်မည့် အယ်လ်ဝက်ခ်ရား ကွင်းကြီး၏ ဒီဇိုင်းပုံစံကို စတင်၍
ထုတ်ဖော်ပြသခဲ့သည်။ ချက်ချင်းလိုလိုပင် ယင်းဒီဇိုင်းသည် အမျိုးသမီး တစ်ဦး၏
လိင်အင်္ဂါနှင့် တူညီနေကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်မှုများ
ထွက်ပေါ်လာခဲ့သည်။ ရာသီဥတု ပူပြင်းသော ဒေသတွင် တည်ရှိလာမည့်
ယင်းအားကစားကွင်း၌ အပူချိန်နှင့် စိုထိုင်းဆတို့ကို ထိန်းညှိကြပ်မတ်ပေးမည့်
ခေတ်မီ နည်းစနစ်များ ဖြည့်တင်းထားသည်။ သို့သော်လည်း
ဒီဇိုင်းဖွဲ့စည်းပုံအရမူ အငြင်းပွားစရာများ ဖြစ်လာခြင်းဟု သတင်းများက
ဖော်ပြခဲ့သည်။
သက်ဆိုင်ရာ ဗိသုကာ ကုမ္ပဏီကမူ အားကစားကွင်းကြီး၏
ဒီဇိုင်းသည် ကာတာရိုးရာ ဒီဟောင်းလှေငယ်ကို ရည်ရွယ် ပုံဖော်ထားခြင်းဟု
ရှင်းလင်းခဲ့သည်။ အဆိုပါ လှေလေးများကို ပုလဲငုပ်သူများ အသုံးပြုလေ့ရှိသည်။
ပရိသတ် (၄၅၀၀၀) ဝင်ဆံ့မည့် အားကစားကွင်း၏ ဒီဇိုင်းကို ဂုဏ်ယူစွာ
မိတ်ဆက်လိုက်ပြီး နာရီပိုင်းအတွင်းမှာပင် Twitterမှတစ်ဆင့် ဝေဖန်မှုများစွာ
ထွက်ပေါ်လာခြင်း ဖြစ်သည်။ အများစုက ကွင်း၏ ဝေဟင်မှ မြင်ရသော ပုံရိပ်သည်
အမျိုးသမီး တစ်ဦး၏ မမြင်အပ်သော အင်္ဂါမျိုးနှင့် လုံးဝတူနေကြောင်း အခိုင်အမာ
စွပ်စွဲနေသည်။
ယခု အားကစားရုံသည် ကွင်းတွင်း အပူချိန်ကို
ထိန်းညှိနိုင်အောင် ဒီဇိုင်းထုတ်ထားသည်။ အလွန်ပူပြင်းသည့် ရာသီဥတုမျိုးတွင်
ရှိနေသည့်တိုင် ဒီဇိုင်းဖွဲ့စည်းပုံကြောင့် ဘောလုံးကွင်းအတွင်း
အပူချိန်မှာ (၃၀)ဒီဂရီမှ (၃၂)ဒီဂရီ ဆဲလ်ဆီးရပ်စ်သာ ရှိမည်ဟု သိရသည်။
ကာတာအနေဖြင့် ကမ္ဘာ့ဖလား ဘောလုံးကွင်းများအတွက် ပြဿနာ အမျိုးမျိုး
ကြုံနေရသည်မှာ ယခုတစ်ကြိမ်တည်း မဟုတ်ဘဲ မကြာသေးမီကလည်း ကွင်းတည်ဆောက်မှု
လုပ်ငန်းခွင်တွင် ရွှေ့ပြောင်းလုပ်သားများ၏ ဘဝအခြေအနေ နိမ့်ကျလွန်းသဖြင့်
ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသေးသည်။
ကာတာ အစိုးရသည်
ကမ္ဘာ့ဖလားကို လက်ခံကျင်းပခွင့် ရရှိသည့်အတွက် အကြီးအကျယ် ပြင်ဆင်မှုများကို
လုပ်ဆောင်နေသည်။ ကာတာသည် ကမ္ဘာ့ဖလားတွင် အလုံးအရင်း ဝင်ရောက်လာမည့်
နိုင်ငံတကာ ဘောလုံးပရိသတ်များအတွက် မီးရထားလမ်းများ တိုးချဲ့ခြင်း၊
လေယာဉ်ကွင်းသစ်တစ်ခုနှင့် ဆိပ်ကမ်းသစ်တစ်ခု ဆောက်လုပ်ခြင်း၊ လမ်းသစ်များ
ဖောက်လုပ်ခြင်း၊ အဆင့်မြင့် ဘောလုံးကွင်းကြီးများ တည်ဆောက်ခြင်းတို့ကို
ဒေါ်လာ ဘီလျံပေါင်း (၁၄၀)ထိ အကုန်အကျခံ ဆောင်ရွက်မည်ဟုလည်း သိရှိရသည်။
Planet Myanmar Network
No comments:
Post a Comment