သောကြာနေ့က စတင်ခဲ့သော ဆန္ဒပြသူများနှင့် စစ်တပ် ထိပ်တိုက်တွေ့
အဓိကရုဏ်းများမှာ လစ်ဗျားမြို့တော် ထရီပိုလီတစ်ဝန်း
ပျံ့နှံြ့
ဖစ်ပွားခဲ့ပြီး ညလုံးပေါက် အပြန်အလှန် တိုက်ခိုက်
ခဲ့ကြလစ်ဗျားမြို့တော် ထရီပိုလီတွင် တိုက်ခိုက်မှု
များ ဖြစ်ပွားလစ်ဗျားနိုင်ငံ ထရီပိုလီတွင် တစ်ကျော့ပြန် တိုက်ခိုက်မှုများ
ပေါ်ပေါက်ခဲ့ပြီး စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြသူများအား ပစ်ခတ်မှုကြောင့် လူ ၄၃
ဦးသေဆုံးကြောင်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ် သောကြာနေ့က စတင်ခဲ့သော
ဆန္ဒပြသူများနှင့် စစ်တပ် ထိပ်တိုက်တွေ့ အဓိကရုဏ်းများမှာ လစ်ဗျားမြို့တော်
ထရီပိုလီတစ်ဝန်း ပျံ့နှံ့ဖြစ်ပွားခဲ့ပြီး ညလုံးပေါက် အပြန်အလှန်
တိုက်ခိုက်ခဲ့ကြသည်။ ယခုဖြစ်ပွားသည့် ပဋိပက္ခအတွင်း လူ ၄၅၀ ကျော်
ဒဏ်ရာရရှိခဲ့သည်။ လစ်ဗျားဝန်ကြီးချုပ် အလီ ဇီဒန်းက အခြေအနေကို
ထိန်းသိမ်းပြီး တိုက်ခိုက်မှုများ ရပ်တန့်ကြရန် မေတ္တာရပ်ခံလိုက်သည်။ ထို့အတူ
လာမည့် ရက်ပိုင်းအချိန်ကာလမှာ လစ်ဗျားသမိုင်းကို အဆုံးအဖြတ်ပေးမည့်
ကာလဖြစ်ကြောင်းလည်း ၎င်းက သတိပေးလိုက်သည်။
Planet Myanmar Network
No comments:
Post a Comment