ရှမ်းပြည်နယ် တောင်ကြီးမြို့က ထင်းရူးမြိုင်ဘုန်းကြီးကျောင်းဝင်းထဲက
ဘုရားရဲ့ ထီးတော်ကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အာဏာပိုင်တွေက
ဆွဲချခဲ့တာကို မြို့ခံ သံဃာတော်တွေက မကျေနပ် လို့ ရွှေဝါရောင် မျိုးဆက်
သံဃာတော်အပါး ၄၀ လောက်ဟာ အဲဒီ ကျောင်းဝိုင်းအတွင်းမှာ ဒီကနေ့
နေ့ခင်းပိုင်းက
ဘုရားအနေကဇာတင်ပွဲ ကျင်းပခဲ့ကြပါတယ်။
ဘုရားထီးတော်ခ
ျခဲ့သူတွေကို
အမှုဖွင့်တိုင်ကြားသွားမယ်လို့ အဲဒီဘုရားအနေကဇာတင်ပွဲကို ဦးဆောင်ခဲ့တဲ့
လောကမာရ်အောင်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တခေမာနန္ဒက RFA ကို
မိန့်ကြားပါတယ်။
"ရွှေဝါရောင် သံဃာတော်တွေ ဦးဆောင်ပြီး မြို့က သံဃာတွေ အနေကဇာတင်တယ်။အနေကဇာတင်တဲ့ရည်ရွယ်ချက်က ဆက်လက်ပြီးတော့ သာသနာ ပြန့်ပွားအောင်လုပ်ရမယ်။ဒီထီးတော်ကြီးကို အကာလညအခါ ဖျက်ဆီးတဲ့သူတွေကို ဥပဒေကြောင်းအရ အရေးယူပေးပါလို့ ပြောရလိမ့်မယ်"
ဆေးတက္ကသိုလ်ဆောက်မယ့်မြေနေရာဖြစ်တယ်ဆိုပြီး
အာဏာပိုင်တွေဘက်က သိမ်းယူထားတဲ့ အဲဒီ ထင်းရှူးမြိုင်ကျောင်းတိုက်ကို
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က အာဏာပိုင်တွေဘက်က ဖျက်ဆီးခဲ့သလို
ဘုရားရဲ့ထီးတော်ကိုလည်း ဆွဲချခဲ့ကြတယ်လို့ မျက်မြင် သက်သေတွေကပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၁ ရက်က တောင်ကြီးဆေးတက္ကသိုလ် ဆောက်လုပ်မယ့်မြေနေရာကို
ကျူးကျော် တယ်ဆိုပြီး ထင်းရူးမြိုင်ကျောင်းတိုက်က သံဃာ ၁၂ ပါးကို
အာဏာပိုင်တွေက လူဝတ်လဲ ခိုင်းခဲ့သလို ကျောင်းထိုင်ဆရာတော်ဦးကဝိစာရကို သာသနာညှိးနွမ်းစေမှုနဲ့ အာဏာပိုင်တွေဘက်က တရားစွဲဆိုခဲ့ပြီး ဆရာတော် ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်နှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
RFA
No comments:
Post a Comment