မြောက်ကိုရီးယားမှ တရားမ၀င် မူးယစ်ဆေးဝါးများဖြစ်သော
မက်သာဖက်သမင်းဆေးများ မှောင်ခိုကူးမှုနှင့် ပတ်သတ်သူ ငါးဦးကို
ဖမ်းဆီးလိုက်ကြောင်း အမေရိကန်
အာဏာပိုင်များက ဆိုသည်။ နိုဝင်ဘာ
၂၀ရက်က ထုတ်ပြန်ကြေညာခဲ့သော ဖမ်းဆီးမှုသည်
မြောက်ကိုရိးယားတို့၏ ကမ္ဘာ့မူးယစ်ကုန်သွယ်မှု
မက်သာဖက်သမင်းဖြန့်ဖြူးရေးကွန်ရက်၏ ထင်ရှားသည့်
အရင်းအမြစ်နိုင်ငံဖြစ်ကြောင်း ဖော်ပြနေသည်ဟု အမေရိကန်
မူးယစ်ဆေးဝါးထုတ်ဖော်ဖမ်းဆီးရေး စီမံခန်ခွဲမှု DEA မှ စီမံကွပ်ကဲသူ
မိုက်ကယ်လီယွန်ဟာ့တ်က ဆိုသည်။
ယခုနှစ်အစောပိုင်းကာလအတွင်း
တရားမ၀င်မူးယစ်ဆေးဝါး ၁၀၀ကီလိုဂရမ်ကို အမေရိကန်သို့ ခိုးသွင်းရန်
ကြံစည်ခဲ့သူ နှစ်ဦး၏ ထွက်ဆိုချက်များအရ ယခုနောက်ဆုံးဖမ်းဆီးမှုကို
ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဖမ်းမိသူများအနက် နှစ်ဦးမှာ
တရုတ်နိုင်ငံသားတစ်ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးဖြစ်ပြီး
မြောက်ကိုရီးယားမှ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးနေသည့် ဟောင်ကောင်အခြေစိုက်
မူးယစ်ဂိုဏ်းမှ အဖွဲ့ဝင်များဖြစ်သည်။
ကျန်သုံးဦးမှာ
ဗြိတိန်နိုင်ငံသားနှစ်ဦးနှင့် ထိုင်းနိုင်ငံသား တစ်ဦးတို့ ဖြစ်သည်။
ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးများကို ထိုင်းနှင့် ဖိလစ်ပိုင်မှ
ဥပဒေရေးရာအေးဂျင့်များက တရားဝင် စစ်ဆေးသည့်အခါ ၉၉ရာခိုင်နှုန်းအထိ
သန့်စင်ပြီး မူးယစ်ဆေးများဖြစ်ကြောင်း အတည်ပြုချက်ပေးခဲ့ပြီး သူတို့သည်
အမေရိကန်သို့ စက်တပ်လှေငယ်ဖြင့် ခိုးသွင်းရန် ကြံစည်ခဲ့ခြင်းဖြစ်သည်ဟု
ဝန်ခံထားကြသည်။
၂၀၁၁ခုနှစ်က မက်သာဖက်သမင်းပြဿနာအတွက်
ပူလစ်ဇာစင်တာမှထွက်လာသည့် အစီရင်ခံတွင်လည်း မြောက်ကိုရီးယားမှ တရုတ်သို့
ရေကြောင်းမှ သယ်ယူပို့ဆောင်ရန် ကြံစည်ခဲ့သည်အမှုအကြောင်း အကျယ်တ၀င့်
ဖော်ပြခဲ့ဖူးသည်။ ယင်းအမှုတွဲများသည် မြောက်ကိုရီးယားအစိုးရသည် မူးယစ်ဆေးဝါး
ဓာတ်ခွဲခန်းများစွာကို ဖျက်ဆီးခဲ့ပြီး နောက်ပိုင်း လက်ရှိအချိန်တွင်
ထိုကဲ့သို့သော ဆေးဝါးများ ထွက်ရှိရာ တစ်ခုတည်းသော နိုင်ငံဖြစ်နေသည်ဟု
မှတ်တမ်းတင်ထားသည်။
ယခုဖမ်းဆီးရမိသူသုံးဦးသည် အပြစ်ရှိကြောင်း
အတည်ပြုနိုင်ခဲ့လျှင် အနည်းဆုံးထောင်ဒဏ် ၁၀နှစ်နှင့် ရင်ဆိုင်ရဖွယ်
ရှိနေသည်။ သူတို့ကို ထိုင်းနိုင်ငံတွင် စက်တင်ဘာလအတွင်းက ဖမ်းမိခဲ့ပြီး
နိုဝင်ဘာ ၁၉တွင် အမေရိကန်သို့ ရာဇ၀တ်သားများ လွှဲပြောင်းမှုကို ပြုခဲ့သည်။
ယခု ဖမ်းဆီးမှုကို အမေရိကန်အာဏာပိုင်များ၊ ထိုင်း၊ လိုင်ဘေးရီးယား၊
ရိုမေးနီးယားတို့မှ နိုင်ငံတကာရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
Ref: Al jazeer
The Myanma Age
No comments:
Post a Comment