ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ မီးရထားသည် (၂၇)ကြိမ်မြောက်
အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲအတွက် ရန်ကုန်- နေပြည်တော်- သာစည်- မန္တလေး
ခရီးစဉ်တွင် လက်ရှိနေ့စဉ် ပြေးဆွဲနေသော အမြန်ရထား အဆန် ငါးစင်း၊
အစုန်ငါးစင်း၊
စာပို့ရထား အဆန် နှစ်စင်း၊ အစုန်နှစ်စင်း အပြင် အားပေး
ကြည့်ရှုကြမည့် ပရိ သတ်များ သွားလာမှု ပိုမိုလွယ်ကူ အဆင်ပြေ စေရန်အတွက်
အထက်တန်း ထိုင်ခုံ နှစ်တွဲ၊ ရိုးရိုး တန်း ၁ဝတွဲ၊ ဘရိတ်တွဲတို့ ပါဝင်သည့်
လူစီးတွဲ ဆိုင်းနှစ်ဆိုင်းဖြင့် နိုဝင်ဘာ ၂၄ရက်မှ ဒီဇင်ဘာ ၂၃ရက်အထိ
အထူးရထား နှစ်စင်းကို အစုန်/အဆန်နေ့စဉ် ပြေးဆွဲပေးမည်ဖြစ်သည်။
အဆိုပါ အထူးရထားကို လမ်းခရီး၌ တိုးကြောင်ကလေး၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊
နေပြည်တော်၊ သာစည်၊ ကျောက်ဆည် ဘူတာတို့တွင် အစုန်/အဆန် ရပ်တန့်
ပေးမည်ဖြစ်ပြီး အဆန် အထူးရထားသည် ရန်ကုန် ဘူတာမှ ည ၉နာရီ မိနစ် ၃ဝတွင် စတင်
ထွက်ခွာ၍ နေပြည်တော် ဘူတာသို့ နောက်တစ်နေ့ နံနက် ၆ နာရီ၌ ရောက်ရှိပြီး
နေပြည်တော် ဘူတာမှ နံနက် ၆နာရီ မိနစ် ၃ဝတွင် ဆက်လက် ထွက်ခွာကာ မန္တလေး
ဘူတာသို့ မွန်းတည့် ၁၂ နာရီ၌ ရောက်ရှိမည်ဖြစ်သည်။
အလားတူ
အစုန်အထူးရထားသည် မန္တလေးဘူတာမှ ည ၁၁ နာရီ မိနစ် ၃ဝ ၌ စတင်ထွက်ခွာ၍
နေပြည်တော် ဘူတာသို့ နောက်တစ်နေ့ နံနက် ၆ နာရီ၌ ရောက်ရှိပြီး နေပြည်တော်
ဘူတာမှ နံနက် ၆နာရီ မိနစ် ၃ဝတွင် ဆက်လက် ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ ညနေ ၃
နာရီ၌ ရောက်ရှိမည် ဖြစ်သည်။
အထူးရထားအတွက် လက်မှတ်ခ
နှုန်းထားများမှာ လက်ရှိ ရန်ကုန်- နေပြည်တော်- မန္တလေး ခရီးစဉ် ပြေးဆွဲနေသည့်
လူစီးအမြန် ရထားများ၏ လက်မှတ်ခ နှုန်းထား အတိုင်း ရန်ကုန်မှ နေပြည်တော်
ခရီးစဉ် အတွက် ရိုးရိုးတန်း ၂၈ဝဝ ကျပ်၊ အထက်တန်း ထိုင်ခုံ ၅၆ဝဝ ကျပ်၊
နေပြည်တော်မှ မန္တလေး ခရီးစဉ်အတွက် ရိုးရိုးတန်း ၁၈၅ဝ ကျပ်၊
အထက်တန်းထိုင်ခုံ ၃၇ဝဝ ကျပ်၊ ရန်ကုန်မှ မန္တလေး ခရီးစဉ်အတွက် ရိုးရိုးတန်း
၄၆၅ဝ ကျပ်၊ အထက်တန်း ထိုင်ခုံ ၉၃ဝဝ ကျပ်တို့ ဖြစ်သည်။
ရန်ကုန်၊
နေပြည်တော်၊ မန္တလေး ဘူတာကြီးများတွင် ရိုးရိုးတန်းလက် မှတ်များကို
တစ်ရက်ကြိုတင်၍လည်းကောင်း၊ အထက်တန်း လက်မှတ်များကို ခရီးသွားမည့်ရက်
အပါအဝင် သုံးရက်ကြိုတင်၍ လည်းကောင်း၊ လက်ကျန် လက်မှတ်များကို ရထား
မထွက်ခွာမီ ၁၅မိနစ် အလိုအထိ လည်းကောင်း ရောင်းချ ပေးသွားမည်ဖြစ်ပြီး
လမ်းခရီး ဘူတာများ၌ နေ့ချင်း လက်မှတ် ရောင်းချ ပေးမည်ဖြစ်သည်။
Myawady News
No comments:
Post a Comment