နိုဝင်ဘာ ၁၃ရက်က အမေရိကန်နိုင်ငံ ပင်ဆယ်ဗေး
နီးယားပြည်နယ် ပစ်ဘာ့ဂ်မြို့မှ
ဘရက်ဟီးယာ့ အထက်တန်းကျောင်းအနီးတွင် သေနတ်ပစ်ခတ်
မှုများ ဖြစ်ပွားခဲ့သည့်တွက် ကျောင်းသားသုံး
ဦးဒဏ်ရာရရှိခဲ့သည်။
ကျောင်းဝန်းပြင်ပတွင် ဖြစ်ပွားသည့် ပစ်ခတ်မှု
များသည် အထက်တန်းကျောင်းကို
ရည်ရွယ်ခြင်း မဟုတ်သော်လည်း ကျောင်းဆင်းချိန်နှင့် တိုက်ဆိုင်နေသဖြင့် ယခုကဲ့သို့ ဒဏ်ရာရသွားခြင်းဖြစ်သည်။
ဒဏ်ရာရသူများသည် အသက် အန္တရာယ် စိုးရိမ်ဖွယ် မရှိဟု သိရသည်။
မည်သည့်အတွက်ကြောင့် ပစ်ခတ်မှုဖြစ်ပွားသည်ကို
မသိရသေးသလို၊ အပြန်အလှန်ပစ်ခတ်မှုလား၊ တစ်ဘက်တည်းက ပစ်ခတ်သည်လားကိုပင် မျက်မြင်သက်သေများမှာ ပြောပြနိုင်ခြင်း
မရှိခဲ့ပေ။ သူတို့က သေနတ်သံများ ကြားရသည်ဟုသာ
ပြောပြကြသည်။ ရဲဌာနကလည်း အသေးစိတ်အချက်အလက်များ ထုတ်ဖော်ခြင်းမရှိသေးဟု သိရသည်။
Ref: AP
The Myanma Age
No comments:
Post a Comment