တားမြစ်မိန့်ကြောင့် ထိုင်းနိုင်ငံဘက်သို့ ၉
နှစ်ကျော် ကြာကြွရောက် သီတင်း သုံးခဲ့ရသော မိုင်းဖုန်းဆရာတော်သည်
ရန်ကုန်မြို့သို့ ကြွရောက်တော်မူ မည်ဟု မိန့် ကြားကြောင်း ရှမ်းပြည်နယ်
အရှေ့ပိုင်းမိုင်းပြင်း လွှတ်တော် အမတ်
ဦးစိုင်းထွန်းစိန်က Popular News သို့ ပြောသည်။
အစိုးရသစ်
လက်ထက်လွှတ်တော်တွင် မိုင်းပြင်း၊ မိုင်းဆတ်နှင့် မိုင်းတုံ လွှတ်တော်
အမတ်တို့က ဆရာတော်အား တာချီလိတ် မိုင်းဖုန်းသို့ ပြန်လည်
ပင့်ဆောင်လိုကြောင်း အဆို တင်သွင်း ခဲ့ပြီး အောင်မြင်ခဲ့သည့် အတွက် ဆရာ
တော်မှာ မြန်မာပြည်ဘက်သို့ နိုဝင် ဘာလ ၁၅ ရက်နေ့က ပြန်လည် ကြွချီပြီး
ရက်ပိုင်း အတွင်း ထိုသို့ ဒါယကာ၊ ဒါယိကာမများကို အမိန့် ရှိလိုက်ခြင်း ဖြစ်
ကြောင်း ၄င်းကဆိုသည်။ ”ခုချိန်မှာတော့ မိုင်းဖုန်းမှာ သီတင်းသုံးနေပါတယ်။
ရန်ကုန်ကို ကြွမယ့် ရက် အတိအကျကိုတော့ အမိန့်မရှိပါဘူး” ဟု
ဦးစိုင်းထွန်းစိန် က ဆက်ပြော သည်။ ဆရာတော်သည်၂ဝဝ၃-၂ဝဝ၄ ခု နှစ်များက
ရန်ကုန်သို့ ကြွချီဖူးပြီး ယခု ကြွချီလာမှုမှာ ၁ဝ နှစ်ကျော်ကာလအတွင်း
ပထမဦးဆုံး အကြိမ် ဖြစ်သည် ဟု သိရသည်။ လက်ရှိတွင် မိုင်းဖုန်း ရွာ၌ အပူ
ဇော်ခံနေသည့် မိုင်းဖုန်း ဆရာတော်မှာ တစ်လကျော် ပါက ရှမ်းပြည်နယ်
မြောက်ပိုင်းလားရှိုး၊ သိန္နီမြို့ များသို့ လှည့်လည် အပူဇော်ခံရန်
ရှိကြောင်း ဦးစိုင်းထွန်းစိန် ထံမှ သိရသည်။ ရှမ်းပြည်နယ် လူထု၏
ကိုးကွယ်မှုရှိထားသည့် ဆရာတော်အား တားမြစ် ထားသော အမိန့်ကို ပြည်ထဲရေး
ဝန်ကြီးဌာနက ရုတ်သိမ်းပေးခဲ့ပြီး ဖြစ်ကြောင်း နှင့် ထိုစဉ်က ဆရာတော်အား
ပြည် ထောင်စုမှ ခွဲထွက်ရန် စည်းရုံးမှု၊ ဟော ပြောမှုစသော စွပ်စွဲချက်
တို့ဖြင့် ဖြစ် ကြောင်းသိရသည်။ ”ဒီကိစ္စဟာ မဟုတ်ပါဘူး။ မှန်လည်းမမှန်ပါဘူး။
ဆရာတော်လည်း ဒီဆန္ဒ မရှိခဲ့ဘူး” ၄င်းက ထပ်လောင်းဆိုသည်။
Popular
No comments:
Post a Comment