ထိုင်းနိုင်ငံဘန်ကောက်တွင် ကျင်းပပြုလုပ်ခဲ့သော Miss Grand
International 2013 တွင် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ပြီး
ဆုလေးဆု ရရှိခဲ့သော ထားထက်ထက်က မြန်မာပြည်
သူပြည်သားအားလုံး ကျေးဇူးကြောင့် ဆုရရှိခဲ့ပါသည်ဟု ပြောသည်။
“မြန်မာပြည်သူပြည်သူပြည်သားတွေ အကုန်လုံးက အားတတ်သရောနဲ့နေ့တိုင်း
သတိတရနဲ့ ရှိသမျှလင့်တိုင်းမှာ ၀င်ပြီးတော့ မဲပေးခဲ့ကြတယ်။ ဖုန်းတွေလည်း
အပျက်ခံပြီး မောက်စ်တွေလည်း အပျက်ခံပြီးတော့ အားပေးခဲ့ကြတာ အဲဒီ့အတွက်
ဒီလိုမျိုးဆုတွေ အများကြီးရလာခဲ့တယ် ။ အားပေးတဲ့ မက်စ်ဆေ့ဂ်ျတွေ
ကော်မန့်တွေတွေ့ရတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ အရမ်းရှိလာတယ်။
ပြိုင်တဲ့ ပွဲတိုင်းမှာ အကောင်းဆုံး အတတ်နိုင်ဆုံး အကောင်းဆုံး
လုပ်နိုင်ခဲ့တယ် ကျေးဇူးတင်ဂါရ၀ ပြုပါတယ်လို့ ” ထားထက်ထက် ကပြောသည်။
Miss Grand International 2013 ပြိုင်ပွဲတွင် ထားထက်ထက်သည် Miss Popular
Vote ဆု အမေရိကန်ဒေါ်လာ ဆုကြေး ၃ ထောင် ၊ T-Pageant ၀က်ဆိုဒ်မှ
ချီးမြှင့်သော People Choice Award ဆု၊ The Beauty Concept ၀က်ဆိုဒ်မှ
ချီးမြှင့်သော People Choice Award ဆု၊ Global Beauties မှ ချီးမြှင့်သော
Favourite Poll Winner စသည့် ဆုလေးဆုကို ရရှိခဲ့ပါသည်။
မြန်မာရိုးရာ ယွန်းဆွမ်းအုပ်ကို သယ်ဆောင်သွားပြီး လေလံတင်ခြင်းနှင့်
ပတ်သက်ပြီး ထားထက်ထက်က “အဲဒါ အလှူ သီးသန့်ပွဲလေး တစ်ခုပေါ့ ။ ယူသွားတယ်
ဆိုတာကလည်း အလှူတန်း တစ်ခုအနေနဲ့ လှူလိုက်တယ်။
ဟိုမှာ သူတို့ ကြိုက်တဲ့ ပစ္စည်းတွေကို ရွေးချယ် ပြီး ၀ယ်ကြတယ်။ နောက်ပြီးတော့ မှ သူတို့ အလှူလုပ်မယ် အဲဒါကို ပြန်ပြီး
အကြောင်းကြားပေးမယ်ပြေလို့ ပြောပါတယ်။ ခုတော့ မသိရသေးပါဘူး” ဟုပြောသည်။
ထားထက်ထက်သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းက
ပြန်လည်ရောက်ရှိလာပြီး ရှေ့ဆက်အနုပညာ လုပ်ငန်းများနှင့် Miss Grand
International ပြိုင်ပွဲမှရရှိသော ဆုကြေးများနှင့်ပက်သက်၍ သီးသန့်
သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြောဆိုသွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
ရွှေထွဋ်
The Myanma Age
No comments:
Post a Comment