''လပြည့်ည မှာ သုပ်စား တဲ့ မဲဇလီ ဖူးသုပ် က ဆေးဖက် ဝင် တယ်။ ကျေးလက် တော
ရွာတွေ မှာ နေတဲ့ သူတွေ ဆိုရင် လပြည့်နေ့ လရောင် ကျထား တဲ့ မဲဇလီဖူး တွေကို
ခူးသင့် ပါတယ်။
လရောင် ထိထား တဲ့ မဲဇလီတွေ
ကဆေး ပေါင်းခ ပြီး ဆေးစွမ်း ထက်ပါ တယ်။ မြို့မှာ နေတဲ့ သူတွေ ဆို ရင်တော့
လပြည့်ည မတိုင်မီ ခူးထား တဲ့ မဲ ဇလီဖူးတွေ ကို လပြည့်ည နက္ခတ် စုံချိန်ကျ
မှာ ရေနွေး ဖျော ပြီး သုပ် စား သင့် ပါတယ်။ နက္ခတ် စုံချိန် နှစ်ချိန်
ရှိပါတယ်။ လပြည့်နေ့ ည ၉ နာရီ ၁၆ မိနစ်နဲ့ လပြည့် နေ့ သန်းခေါင် ယံ
အချိန်မှာ မဲဇလီ ဖူးသုပ် ကို သုံးဆောင် သင့် ပါတယ်'' ဟု ယင်း က ဆိုသည်။
ဆေးပေါင်း ခချိန်တွင် မဲ ဇလီဖူး သုပ်စားခြင်း ဖြင့် အသက် ရှည်ပြီး အနာ
ရောဂါ ကင်းမဲ့စေ နိုင်ကြောင်း၊ မဲဇလီရွက် သည် နတ်ပြည် တွင် နတ်သက် ရှည်ရန်
စားလေ့ ရှိသည့် မဉ္ဇူသက နတ် ပန်း နှင့်ဆင် တူသော ကြောင့် မဲဇလီ ရွက်များ ကို
စားသုံး ခြင်းဖြင့် အ သက် ရှည်၊ အနာကင်း နိုင်ကြောင်း ရှေးသူ ဟောင်း
တို့မှ အကြံပြု ခဲ့သ ဖြင့် ယင်း ဓလေ့မှာ ယနေ့ တိုင် ထွန်းကား နေဆဲ
ဖြစ်ကြောင်း သိ ရသည်။
Aung Zaw Oo
အေးမြသာစည်ရွာ
No comments:
Post a Comment