တည်ဆဲဥပဒေဖြစ်သော
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ
သားဥပဒေနှင့်ပတ်သက်၍လည်းကောင်း၊
နိုင်ငံသားဖြစ်မှုကိစ္စနှင့်ပတ်သက်၍ လည်းကောင်း၊
ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍
လည်းကောင်း နိုင်ငံတော်အစိုးရ၏
တိကျပြတ်သားသည့် မူဝါဒကို ထင်သာမြင်သာရှိအောင် ပြည်သူလူထုထံ
ချပြရမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၇ ရက်ကထုတ်ပြန်သော
တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အချို့နှင့် တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့၏
သဘောထားကြေညာချက်အရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တို့၏ ညှိနှိုင်းဆွေးနွေးသဘောတူညီချက်အရ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါကြေညာချက်တွင် ရခိုင် ပြည်နယ်အတွင်းဖြစ်ပွားနေသော
ပဋိပက္ခများဖြစ်ပွားနေရခြင်းကို ပြည်ထောင်စုဖွားတိုင်းရင်းသားများ
စိတ်မချမ်းမြေ့ဖြစ်ကြရကြောင်း၊
ပဋိပက္ခများဖြစ်ပွားနေသော၊
ဖြစ်နိုင်ခြေရှိသော ဒေသများတွင် လုံခြုံရေးလိုအပ်ချက်အရ တပ်ဖွဲ့ဝင်များ
အင်အားမြှင့်တင်ခြင်း၊ လုံခြုံရေးအစီအစဉ်များ အဆင့်တိုးမြှင့်ခြင်းတို့ကို
အချိန်နှင့်တပြေးညီဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယင်းအတွက်
တရားဥပဒေစိုမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီက အောက်တိုဘာလ ၂၆
ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အရေးကြီးအဆိုအဖြစ်
တင်သွင်းခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
လူအများစုနှင့်လူအနည်းစု၊ လူမျိုးရေး၊ ဘာသာရေးကိုအခြေခံ၍
ခွဲခြားဆက်ဆံခြင်းမပြုဘဲ အားလုံးက လူ့ အခွင့်အရေးများကို
လေးစားလိုက်နာကြရန်တာဝန်ရှိကြောင်း၊ နှစ်ဦးနှစ်ဘက် ကျေနပ်လက်ခံနိုင်သည့်
အကောင်းဆုံးရလဒ်တစ်ခုကို ငြိမ်းချမ်းစွာညှိနှိုင်း အဖြေရှာရမည်ဖြစ်ကြောင်း၊
ရခိုင်တိုင်းရင်းသားများ၏ စိုးရိမ်ပူပန်ကြောင့်ကြမှုများကို
အသိအမှတ်ပြုရမည်ဖြစ်ကြောင်း၊ ထို့အပြင်နောက်ကွယ်မှ
ကြိုးကိုင်လှုပ်ရှားနေသော၊ အားပေးကူညီနေသော၊ လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများ၊
အကြမ်းဖက်သူများ၊ ဥပဒေချိုးဖောက်သူများ၊
လူ့အခွင့်အရေးချိုးဖောက်ခြင်းများနှင့်စပ်လျဉ်း၍ တရားဥပဒေ နှင့်အညီ
ထိထိရောက်ရောက်မှန်မှန်ကန်ကန် စစ်ဆေးအရေးယူခြင်း၊
စီရင်ဆုံးဖြတ်ခြင်းတို့ကိုလည်း ပြည်သူသို့ အသိပေးရမည်ဖြစ်ကြောင်း ပါရှိသည်။
တည်ဆဲဥပဒေဖြစ်သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား
ဥပဒေနှင့်ပတ်သက်၍လည်းကောင်း၊ နိုင်ငံသားဖြစ်မှုကိစ္စနှင့်ပတ်သက်၍ လည်းကောင်း
ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍လည်းကောင်း နိုင်ငံတော်အစိုးရ၏
တိကျပြတ်သားသည့်မူဝါဒကို ထင်သာမြင်သာရှိအောင်
ပြည်သူလူထုထံချပြရမည်ဖြစ်ကြောင်း လူသားချင်းစာနာမှု အထောက် အကူများကို
လိုအပ်သူများအားလုံးအတွက် နှစ်ဦးနှစ်ဘက်လက်ခံ နိုင်သောနည်းများဖြင့်
အမြန်ဆုံးစီစဉ်ပေးရန်လိုအပ်ပါကြောင်းနှင့်နယ်စပ်လုံခြုံရေးနှင့်လူဝင်မှုကြီးကြပ်ရေးကိစ္စတို့တွင်လည်း
နှစ်နိုင်ငံစလုံးက ဥပဒေ နှင့်အညီတာဝန်ယူခြင်း၊တာဝန်ခံခြင်း
တို့ရှိရမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော်မှုများကို
စနစ်တကျဖြင့်လုံလုံခြုံခြုံရှိအောင် နှစ်နိုင်ငံလုံးကကာကွယ်ကြရန်
အထူးလိုအပ်ပါကြောင်းပါရှိသည်။
ထို့ကြောင့်
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုအရေးအတွက် ဖော်ပြပါချက်ချင်းလက်ငင်း
လက်တွေ့ကျကျ လုပ်ကိုင်ဆောင် ရွက်နိုင်မည့်ကိစ္စရပ်များအား
ပြည်ထောင်စုရဲ့အနာဂတ်ကိုရှေးရှုပြီး အလျင်အမြန်ဆောက်ရွက်ကြရန်
တိုက်တွန်းပါကြောင်းဖော်ပြပါရှိသည်။
Eleven Media Group
No comments:
Post a Comment