ပုံမှာ မြင်တွေ့နေရတဲ့ ပုဂ္ဂိုလ်နှစ်ဦးကတော့ Jason Toews နဲ့ Dustin
Coupal တို့ ဖြစ်ပြီး တစ်ယောက်က ကွန်ပြူတာ ပရိုဂမ်မာ (Jason Toews)၊
တစ်ယောက်က မျက်လုံးအထူကု ဆရာဝန် ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု Minnesota က Brooklyn Park မြို့ ငယ်လေး မှာ
နေထိုင်ပါတယ်။ အမေရိကန်မှာက ပြည်နယ် တစ်ခုနဲ့ တစ်ခု ဆီဈေးက မတူပါဘူး။
အနည်းဆုံး 2 Cent, 3 Cent ကတော့ ၁၀ ဒေါ်လာနီးပါး အထိ
ဈေးနှုန်းကွားခြားတဲ့အထိ ဖြစ်ပါတယ်။ ဒီတော့ အမေရိကန်မှာ ရှိတဲ့
ကားဒရိုင်ဘာတွေက ဆီဈေးနှုန်းသက်သာတဲ့ ဆိုင်တွေဆီ ရွေးပြီး
သွားဝယ်တတ်ကြပါတယ်။
အဲ့လိုရွေးဝယ်ဖို့ဆိုတာ ဆီဈေး သတင်းတွေ
ပုံမှန်တက်နေဖို့လိုတာလေ။ ဒီတော့ ဆီဆိုင်တွေ တစ်ခုချင်းဆီက ဈေးတွေကို
တစ်နေရာတည်းမှာ စုပြီးဖော်ပြမယ့် ဝဘ်ဆိုဒ်လေးလို့ဖို့ သူငယ်ချင်း ၂ ဦး
စိတ်ကူးရကြပါတယ်။ လိုအပ်တဲ့ အချက်အလက်ကိုလည်း အမေရိကန်
တစ်တိုင်းပြည်လုံးသွားပြီး လိုက်မကောက်နိုင်တော့ စိတ်ညစ်ရပါ လေရော။ ဒါနဲ့
သတင်းအချက် အလက်လာကြည့်သူတွေပဲ ကိုယ်တိုင် တင်တဲ့ စနစ်တစ်ခုကို ဖန်တီးဖို့
ဆုံးဖြတ်လိုက်ကြပါတယ်။ GasBuddy.com လို့အမည်ရတဲ့ ဝဘ်ဆိုဒ်ကို တည်ထောင်ပြီး
လာရောက်ကြည့်ရှုသူက User Account ဖွင့်ရပါ မယ်။ ပြီးတော့ သူသိတဲ့
အနီးအနားဆိုင်က ဆီဈေးကို တင်လိုက်ပါမယ်။ ဒါကတော့ လွယ်လွယ်လေးပါ။ Map
option ပေးထားပြီးသားမို့ ဂဏန်းလေး ထည့်ပေးရုံမို့ ကားသမားတွေလည်း
ထည့်ကြပါတယ်။
ဒီလိုနဲ့ ဟိုလူထည့်၊ ဒီလူထည့် နဲ့ များလာတာကြောင့်
ဆီဈေး သက်သာမယ့် ဆိုင်တွေကို တွေ့ရှိကြပြီး အချင်းအချင်း အွန်လိုင်းမှာ
ပြန် Posting လုပ်ကြပါတယ်။ ဒါနဲ့ တွေ့ကြပြန်ပြီး ဆိုင်တွေကို
စိတ်ကြိုက်ရွေးသွား ပါတော့တယ်။ ဒီတော့ ဆီဆိုင်တွေရဲ့  ကြော်ငြာ စရာ
နေရာတစ်ခု လည်း ဖြစ်လာသလို၊ အမေရိကန်ပြည်ထောင်စုက ကားသမားများ လက်စွဲ
အသုံးပြုတဲ့ ဝဘ်ဆိုဒ် ဖြစ်လာပါတယ်။ သက္ကရာဇ် ၂၀၀၉ ခုနှစ်မှာ ဒါကို
အကွက်ကြိုမြင်တဲ့ Jason Toews နဲ့ Dustin Coupal က မိုဘိုင်း Application
ကို ဖန်တီးပြီး ဖြန်ချိတော့လည်း အောင်မြင်ပြန်ပါတယ်။ အမေရိကန်မှာတင်
မဟုတ်တော့ပဲ လုပ်ငန်းက ကနေဒါ အတွက်ပါ ဝန်ဆောင်မှု ပေးတဲ့အထိ
ပိုမိုတိုးတက်လာပါတယ်။
နောက်တော့ အမေရိကန်က အကြီးမားဆုံး
စီးပွားရေး လုပ်ငန်းစုများထဲမှ တစ်ခုရဲ့  ကမ်းလှမ်းဝယ်ယူမှုကို လက်ခံ
ရရှိခဲ့ပြီး Founder ၂ ဦးကပဲ ဆက်လက် လုပ်ကိုင်ပေးနေ ပါတယ်။ သွားဆရာဝန်က
ကွန်ပြူတာနဲ့ ပက်သက်လို့ ဘာမှ သိပ်မသိပေမယ့် ပရိုဂမ်မာ သူငယ်ချင်း
လိုအပ်တဲ့ အချက်အလက်တွေကို စုစည်းပေးခြင်း၊ တင်ပေးခြင်း၊ သူလိုချင်တဲ့
အိုင်ဒီယာကို ထုတ်ပေးခဲ့ပါတယ်။ ပရိုဂမ်မာကလည်း သူ့အိုင်ဒီယာနဲ့အတူ၊
သူငယ်ချင်း သွားစရာဝန်ရဲ့  အကြံအဥာဏ်များနဲ့ User Friendly ဖြစ်တဲ့
ဆိုဒ်တစ်ခုကို ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။
Team work
အားကောင်းမှုကြောင့်လည်း အောင်မြင်သွားပါတယ်။ ယခု သူတို့ ၂ ဦးစလုံးဟာ
အမေရိကန်မှာ လူအလေးစားခံရတဲ့ Entrepreneur များစာရင်းထဲမှာ ထိပ်တန်း
ပါဝင်ကြောင်း သိရ ပါတယ်။
Ref: inc
အောင်ခမ်း ( smart.com.mm )
No comments:
Post a Comment