ရှမ်းပြည်နယ်တောင်းပိုင်း တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊
နီလာလမ်း၊နယ်မြေ (၁၅)၌နိုဝင်ဘာ ၃ ရက်နေ့ နံနက် ၁ နာရီ ၅၀ မိနစ်အချိန်က
တန်ဆောင်တိုင်ပွဲတော်၌၀င်ရောက်ယှဉ်ပြိုင်မည့်
BEST World မီးပုံးမှာ ယမ်းပေါက်ကွဲမှု ကြောင့် မီးလောင်မှု
တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း တောင်ကြီးမြို့အရန်မီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး
ဦးတင့်ဆွေထံ
မှ သိရရှိသည်။
''နေ့ဘက်မှာ
ယမ်းတွေကိုနေလှန်းထားတော့ အပူချိန်ကယမ်းတွေထဲ မှာရှိနေပြီး
ခြောက်သွေ့နေပါတယ်။ ဒီယမ်း ထဲမှာထားတဲ့နေရာတိုင်းမှာ အောက်စီဂျင်တွေ
ရှိပါတယ်။ အောက်စီဂျင်တွေရှိတော့ အပူကန်ပြီး ညဘက်မှာ ပွင့် ထွက်တာပါ။
ပွင့်ထွက်တဲ့အချိန်မှာ ပေါက်ကွဲတဲ့အတွက် မီးလောင်သွားတာဖြစ်ပါတယ်"ဟု
တောင်ကြီးမြို့ အရန်မီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူးဦးတင့်ဆွေက ပြောသည်။
ယခုကဲ့သို့ဖြစ်စဉ်မျိုးမှာ နှစ်စဉ်လိုလို ဖြစ်နေကြဖြစ်သော်လည်း
ယမ်းလုပ်သည့်အချိန်မဟုတ်၍ယမ်းများ သိုလှောင် ထားချိန်တွင်
လက်လုပ်ယမ်းများအပူအောင်းပြီးဖြစ်လေ့ဖြစ်ထရှိကြောင်း လူငယ်များမှာ၌လည်း
နားမလည်သည့် အပိုင်းရှိသဖြင့်
ပေါက်ကွဲမှုမျိုးဖြစ်တတ်ကြောင်းတောင်ကြီးမြို့မှမီးပုံးလုပ်သူတစ်ဦးက
ပြောသည်။
''မီးပုံးမှာပေါက်ကွဲမှုဖြစ်နိုင်တဲ့အနေအထားတွေက
ပိုတက်စပ်တဲ့အခါ အရမ်းအရေးကြီးပါတယ်။ ပိုတက် စပ်လို့ အချိုးမကျရင်
ပေါက်ကွဲမှုဖြစ်တတ်ပါတယ်''ဟု၎င်းက ပြောသည်။
ယမန်နှစ်ကလည်း
နတ်စောင်းမီးပုံးသည်တောင်ကြီးမြို့စ၀်စံထွန်းဆေးရုံဝင်း အတွင်း၌ အပူကန်ပြီး
မီးလောင်ခဲ့ ကြောင်းနှင့်စေတန်မီးပုံးမှာလည်း ယခုကဲ့သို့ပေါက်ကွဲပြီး လူ၎
ဦးသေဆုံးခဲ့ကြောင်း တောင်ကြီးမြို့ခံများထံမှ သိရသည်။
"ပိုတက်ဟာ
ပေါက်ကွဲတတ်တာကြောင့် ပိုတက်စပ်ပြီးရင် ငွေမင်တွေနဲ့သီးသန့်ထားရပါတယ်။
ရောထား၍ မရပါ။ရောပြီးဆုံထဲထည့် ထောင်းရင်လည်း သတိထားရပါတယ်။ နောက်တစ်ချက်က
မီးခြစ်မီးခြစ်စံလေး တစ်ခုကို အခွံခွေပြီးထားရပါတယ။် အခွံခွေပြီးထားတော့
ခြစ်တဲ့အခါမှာ ဖိနပ်စီးပြီးဝင်ရင်ဖိနပ်စီးထားတဲ့အတွက် သဲတွေနဲ့
ရှပ်ပြီးမီးလောင်တတ်ပါတယ်။ ယမ်းကလျှပ်စစ်ကလည်း လောင်တတ်ပါတယ်" ဟု ယမ်းကျွမ်းကျင်သူ ပညာရှင် တစ်ဦးကပြောသည်။
ယခုဖြစ်ပွားသည့် မီးပုံးပေါက်ကွဲမှုအတွက် ရဲစခန်း၌အမှုဖွင့်မည် မဟုတ်ကြောင်း
တောင်ကြီးမြို့ခံ အရန်မီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူးဦးတင့်ဆွေကပြောသည်။
မြန်မာနိုင်ငံ၌ထင်ရှားသည့် ပွဲတော်ကြီးများအနက် တစ်ခုအပါအ၀င်ဖြစ်သည့်
တန်ဆောင်တိုင်မီးပုံးပျံ ပွဲတော်ကို နိုဝင်ဘာ ၁၀ ရက်မှ ၁၈ ရက်နေ့အထိ
ကျင်းပမည်ဖြစ်ရာပွဲတော်ကျင်းပစဉ်အတွင်း မီးသတ်တပ်ဖွဲ့များက
တောင်းကြီးမြို့တွင်း၌မီးသတ်ကား ၃ စီးဖြင့် ယှဉ်ပြိုင်မည့်
မီးပုံး၏ယမ်းများကိုသိုလှောင်ထားရှိမည့် တောင်ကြီး
တက္ကသိုလ်ကျောင်းတွင်း၌ မီးသတ်ကား(၁)စီးထားပြီး မီးပုံပျံ
ယှဉ်ပြိုင်မည့်ပွဲထဲတွင် အနည်းဆုံး(၂)စီးထား၍ လုံခြုံရေးချ
သွားမည်ဖြစ်ကြောင်း သိရသည်။
Myit Ma Kha Media Group.
No comments:
Post a Comment