Pages

4.11.13

အိန္ဒိယနိုင်ငံက ဂြိုဟ်နီလေ့လာစူးစမ်းရေးယာဉ် လွှတ်တင်မည်

အိန္ဒိယနိုင်ငံက အင်္ဂါဂြိုဟ် ပေါ်သို့ အာရှမှပထမဦးဆုံး ရောက်ရှိသည့် ၎င်း၏နည်းပညာ စွမ်းပကားကို ပြသရန်ကြိုးပမ်း လျက်ရှိကြောင်း
သိရသည်။ အိန္ဒိယနိုင်ငံမှ လာမည့်အင်္ဂါနေ့ တွင် နိုင်ငံ၏အရှေ့တောင်ဘက် ကမ်းခြေမှနေ၍ လူလိုက်ပါခြင်း မရှိသော အာကာသစူးစမ်းရေး ယာဉ်ကို လွှတ်တင်မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ လူလိုက်ပါခြင်း မရှိသော အာကာသလေ့လာ စူးစမ်းရေးယာဉ်သည် ၁ ဒသမ ၃၅ တန်ပမာဏအလေးချိန်ရှိ ကာ ကြီးမားသော ရေခဲသေတ္တာ တစ်လုံး၏ အရွယ်အစားခန့်ရှိ ကြောင်း သိရသည်။ အာကာသ ယာဉ်တွင် ခေတ်မီတိုးတက်သော အာရုံခံကိရိယာ တပ်ဆင်ထားပြီး ထိုကိရိယာဖြင့် ဂြိုဟ်နီ၏လေ ထုကို တိုင်းတာနိုင်မည်ဖြစ်ပြီး အသက်ဇီဝဖြစ်တည်မှုကို သက် သေပြရာတွင် အထောက်အကူ ပြုသည့် မီသိန်းကို ခြေရာခံစစ် ဆေးနိုင်မည်ဟု မျှော်လင့်လျက် ရှိသည်။

ဂြိုဟ်နီလေ့လာစူးစမ်းရေး ကို အောင်မြင်စွာအကောင်အ ထည်ဖော်နိုင်ခဲ့ပါက အိန္ဒိယနိုင်ငံ အတွက် အမျိုးသားဂုဏ်ဆောင် နိုင်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ၂၀၀၈ခုနှစ် က လပေါ်သို့လူလိုက်ပါခြင်း မရှိ သော အာကာသလေ့လာစူးစမ်း ရေးယာဉ်ကို စေလွှတ်၍ လပေါ် မှရေဖြစ်တည်မှုကို သက်သေပြ နိုင်ခဲ့ရာ ဂြိုဟ်နီစူးစမ်းလေ့လာ ရေးသည် နိုင်ငံ၏ နောက်ထပ် တစ်ဆင့် ဆောင်ရွက်မှုဖြစ်ကြောင်း အိန္ဒိယနိုင်ငံအာကာသသုတေ သနအဖွဲ့အစည်း (ISRO) ဥက္ကဋ္ဌ ကေရာဟာခရစ်ရှနန်က ပြော ကြားခဲ့။

Yangon Media Group

No comments:

Post a Comment