Pages

15.11.13

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် လာရောက်တွေ့ဆုံ

မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု
ကြည်အား အမေရိကန် သမ္မတဟောင်း ဘီလ်က
လင်တန်သည် ရန်ကုန်မြို့ရှိ သူမ၏ နေအိမ်၌
 နိုဝင်ဘာ ၁၄ ရက်တွင် လာရောက် တွေ့ဆုံ
ခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံရာတွင် မွန်းလွဲ
၁ နာရီခွဲမှ ၃ နာရီထိ တစ်နာရီခွဲခန့် ကြာမြင့်စွာ
 တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မည်သည့်
အကြောင်းအရာများကို ဆွေးနွေးခဲ့သည်
 နှစ်ဖက်စလုံးမှ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ညနေပိုင်းတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာနတွင် နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံခဲ့သည်။

သမ္မတဟောင်း ဘီလ်ကလင်တန်သည် အမေရိကန်နိုင်ငံ၏ ၄၂ ယောက်မြောက်နှင့် တတိယ အငယ်ဆုံး သမ္မတဖြစ်ပြီး ၁၉၉၃ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ သမ္မတသက်တမ်း နှစ်ဆက်တာဝန် ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး လက်ရှိတွင် ဇနီးဖြစ်သူ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီကလင်တန်၊ သမီးဖြစ်သူ ချဲယ်ဆီးကလင်တန် တို့နှင့်အတူ ကလင်တန် ဖောင်ဒေးရှင်းကိုလည်း ထူထောင်ထားသည်။

ထို့အပြင် သမ္မတဟောင်း ဘီလ်ကလင်တန်၏ဇနီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီကလင်တန် သည်လည်း သူမနိုင်ငံခြားရေးဝန်ကြီး တာဝန်ယူစဉ် ကာလ၌ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

ထို့နောက် လက်ရှိအမေရိကန် သမ္မတ ဘားရက်အိုးဘားမား ကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး အမေရိကန် သမ္မတဟောင်း နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဂျင်မီကာတာသည်လည်း ကမ္ဘာ့ခေါင်းဆောင် ဟောင်းများ (The Elders) အဖွဲ့အား ဦးဆောင်၍ မြန်မာနိုင်ငံသို့ လာရောက်မှုများ ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် အစိုးရသစ် တက်လာပြီးနောက် အမေရိကန် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် သံတမန် ဆက်ဆံရေးများ ပိုမိုတိုးမြှင့်လာခဲ့သည်။

Eleven Media Group

No comments:

Post a Comment