နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ
သို့ ရောက်ရှိနေသော အမေရိကန် သမ္မတဟောင်း
ဘီလ်ကလင်တန်အား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်
ဧည့်ခန်းမဆောင်တွင် နိုဝင်ဘာ ၁၄ ရက် နံနက် ၉ နာရီခွဲတွင်
လက်ခံတွေ့
ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင်
ကလင်တန် ဖောင်ဒေးရှင်းနှင့် မြန်မာအစိုးရတို့ နီးကပ်စွာ
ပူးပေါင်းဆောင်ရွက်လိုမှု၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်လိုမှု၊ စိုက်ပျိုးရေးကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး ကဏ္ဍစုံချဲ့ထွင်နိုင်ရေး၊ HIV, AIDS, TB
ရောဂါ ဝေဒါနာရှင်များအား ဆေးဝါးများ ဖြန့်ဖြူးရေးနှင့် ပဋိပက္ခ
ဖြစ်ပွားနေသော ဒေသများ၌ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စသည့်
လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်သွားလိုမှု၊ လျပ်စစ်ဓာတ်အား
ထုတ်လုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် နိုင်ရေးအတွက်
စီစဉ်ဆောင်ရွက်နေမှု၊ ငါးနှစ်အောက်ကလေး၊ မွေးကင်းစကလေးနှင့် မိခင်သေဆုံးမှု
လျော့ကျရေးတို့ အတွက် ငွေကြေးနှင့် သင်တန်းများ အထောက်အကူ
ပြုနိုင်မှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သမ္မတအိမ်တော်ရှိ
ဧည့်ခန်းမဆောင်၌ပင် နံနက် ၁၁ နာရီတွင် သြစတြေးလျနိုင်ငံ အေးရှားလင့်ခ်
အဖွဲ့ဥက္ကဋ္ဌ Mr.Sid Myer ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား
လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်
သြစတြေးလျနိုင်ငံမှ လုပ်ငန်းရှင် အများအပြား လာရောက်ဆွေးနွေး
ညှိနှိုင်းနေမှု၊ အေးရှားလင့်ခ် အဖွဲ့၏ သုံးရက်တာ ခရီးစဉ်ကာလအတွင်း
ခရီးသွားလာရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ စိုက်ပျိုးရေး စသည့်
ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့မှု၊
ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အဦများအား မွမ်းမံထိန်းသိမ်း
ပြုပြင်ခြင်းဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူ
ပြုနိုင်မှုတို့ကို ဆွေးနွေးခဲ့သည်။
Eleven Media Group
No comments:
Post a Comment