Pages

14.11.13

တစ်နိုင်ငံလုံးရှိ ကျေးလက်ဒေသများတွင် အတိုးမဲ့ချေးမည့် မွေးမြူရေး ဘဏ်စနစ်ကို နှစ်လအတွင်း အကောင်အထည်ဖော်မည်

တစ်နိုင်ငံလုံးရှိ ကျေးလက်ဒေသများကို မွေးမြူရေး
ဆိုင်ရာအတိုးမဲ့ချေးမည့် မွေးမြူရေး ဘဏ်စနစ်ကို
 နှစ်လအတွင်းအကောင်အထည်ဖော် ဆောင်ရွက်
သွားမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့်
 ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန
၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဒုတိယ
 ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်ဇော်၏
 ပြောကြားချက်အရ သိရသည်။
"ကျေးလက်ဒေသမှာရှိတဲ့ လူအများစုက စိုက်ပျိုးမြေ မရှိတာ များပါတယ်။ သူတို့ကို လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်အောင် မွေးမြူရေးလုပ်ငန်း လုပ်ပေးရမယ်။ မွေးမြူရေးလုပ်ငန်းဆိုတာ မြေအများကြီး မရှိပေမယ့် မွေးလို့ရတယ်။ ကျွန်တော်တို့က သူတို့မွေးမြူလို့ရအောင် ကြက်၊ ၀က်၊ နွားစသည်ဖြင့် ထုတ်ပေးမယ်။ ပေးမယ့် မွေးမြူရေး တိရစ္ဆာန်များကို သူတို့အခြေအနေကို ကြည့်ပြီး ပေးမှာပါ။ နွားမွေးနိုင်သူကို နွားပေးမယ်။ အခုဝန်ကြီးဌာနကပေးဖို့ လုပ်ဆောင်နေပါတယ်"ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်ဇော်က ဆက်လက် ပြောကြားသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ ဒေသအလိုက် မွေးမြူရေး လုပ်ကိုင်နိုင်မည့် တိရစ္ဆာန်များကို သတ်မှတ်အချိန်ကာလဖြင့် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ဌာနက ထုတ်ချေးပေးမယ့်ပုံစံက ကျွန်တော်တို့ဆီက နှစ်လသား ၀က်နှစ်ကောင်ကို ယူပြီးမွေးရင် တိုးပွားအောင် လုပ်ရမယ်။ သတ်မှတ်ချိန် ပြည့်သွားရင် ကျွန်တော်တို့ဆီကို နှစ်လသား ၀က်နှစ်ကောင် ပြန်ပေးရမယ်။ အဲဒီအတွက် အတိုးမယူဘူး"ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနက ငွေကျပ်သန်းပေါင်း ၇၅၀၀၀ ကျော် သုံးစွဲသွားမည် ဖြစ်ကြောင်း သိရပြီး ကျေးလက်ဒေသများအတွက် မွေးမြူရေး တိရစ္ဆာန်များ အတိုးမဲ့ ချေးရာတွင် မျိုးကောင်း၊ မျိုးသန့်များကိုသာ ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment