မက်ဆီအနေဖြင့် လက်ရှိမှာ Ballon d’Or ဆုသည် သူ့ဘ၀ပျော်ရွှင်ရေးအတွက်
လိုအပ်တော့မည် မထင်ကြောင်းနှင့် သူ့အားပျော်ရွှင်ရေးအတွက်
သူ့ဘ၀တလျှောက်မှာ
ပြည့်စုံလုံလောက်တဲ့ အကြောင်းအရာ
တွေရှိနေကြောင်း နှင့် လီယိုနယ် အား သူတို့နှင့်အတူ အမြန်ဆုံးလာရောက်
လေ့ကျင့်ခန်းဆင်းလာနိုင်မည်ဟု ယုံကြည်ကြောင်း ဘာစီလိုနာ နောက်ခံလူ
မာရှယ်ရာနိုက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or အပေါ် သူ့၏
အမြင်နှင့်အတူ ကြာသပတေးနေ့က စာနယ်ဇင်းရှင်းလင်းပွဲတစ်ခုမှာ
ပြောပြသွားခဲ့ပါသည်။ အဆိုပါပွဲတွင် " မကြာခင် ရွှေးချယ်ချီးမြှင့်တော့မည့်
Ballon d’Or ဆုအပေါ်လည်း၊ ကစားသမား တစ်ယောက်သည် အဆိုပါဆုကို နောက်ဆုံး တစ်လ
တည်း(သို့မဟုတ်) နှစ်ဝက်ကာလလောက် အစွမ်းပြမှုလောက်နဲ့
ရယူသွားနိုင်လိမ့်မည်ဟု မထင်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ အဆိုပါဆုသည်
တစ်နှစ်လုံးအကောင်းဆုံး ခြေစွမ်းပြနိုင်မှုအတွက်
ပေးအပ်သည့်ဆုဖြစ်နေလို့ပါဘဲ။ ကျွန်တော့် ရဲ့ ထင်မြင်ချက်ကို ဘယ်တော့မှ
မပြောင်းပါဘူး၊ ကျွန်တော့်လိုဘဲ ဆုံးဖြတ်မိကြမည်ဲ့ သူတွေများမယ်လို့လည်း
ထင်ပါတယ်၊ ကျွန်တော့်အနေနဲ့ အာဂျင်တီးနားသားချင်းဖြစ်တဲ့ မက်ဆီကို
နိုင်ငံအတွက် နဲ့ ကလပ်အသင်းအတွက် အဆိုပါ ဆုကိုရဖို့ မျှော်လင့်ချင်ပါတယ် "
ဟု မာရှယ်ရာနိုက ပြောခဲ့ပါသည်။ မာရှယ်ရာနိုက သူ့အနေဖြင့် အာဂျင်တီးနား
ဂန္တ၀င်ဘောလုံးသမားအကျော်အမော် မာရာဒိုနာကစားတာကို လက်တွေ့မမြင်ဘူးပေမဲ့
သူလက်တွေ့မြင်ဖူးတဲ့ ကစားသမားထဲမှာတော့ မက်ဆီက
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ယောက်ဖြစ်ကြောင်းနှင့်သူနဲ့ တသင်းတည်း
ကစားရတာကို ကျေနပ်ဂုဏ်ယူ ၀မ်းသာမိကြောင်းကိုလည်း ပြောခဲ့ပါသည်။
မက်ဆီအပေါ်လည်း အဆိုပါ ကမ္ဘာ့အကောင်းဆုံး Ballon d’Or ဆုနှင့်
ထိုက်တန်ကြောင်း ထပ်မံရစေချင်ကြောင်းကို ပြောကြားခဲ့ပါသည်။
မကြာခင်ကာလများအတွင်းမှာ ၂၀၁၃ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး
ဘောလုံးသမားဆုကို ရွေးချယ် ချီးမြှင့်ပေးအပ်တော့မှာ ဖြစ်ပြီး စီရော်နယ်ဒို၊
ရီဘာရီ နှင့် မက်ဆီ တို့ (၃) ဦးက အကောင်းဆုံး ဆုအတွက်
ရေပန်းစားနေလျှက်ရှိပြီး၊ အထူးသဖြင့် မက်ဆီ နှင့် စီရော်နယ်ဒို
ပရိတ်သတ်အများစုက ယခုနှစ် အတွက် အကောင်းဆုံးဆုအပေါ် ထင်မြင်ချက်များ
အသီးသီးအပြိုင်အဆိုင် ရှိနေကြ သည်ကို တွေ့ရပါသည်။
Written by မိုးတိမ် (တမာမြေ)
http://www.football-cafe.com/
No comments:
Post a Comment