မြန်မာ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် တိုင်းရင်း
သားအဖွဲ့အစည်းများ မြစ်ကြီးနား
တွေ့ဆုံပွဲပြီးနောက် တိုင်းရင်းသားလက်
နက်ကိုင်များနှင့် မြန်မာစစ်တပ်တို့
တိုက်ပွဲများ
ရပ်တန့်လု နီးပါး ဖြစ်နေပေ မယ့် KIA/KIO နဲ့ကတော့ ဒီကနေ့အထိ
ပစ်ခတ်မှုတွေ ရှိနေပါတယ်။ KIA ဒုစစ်ဦးစီးချုပ် ဂွမ်မော်
ရန်ကုန်ရောက်နေချိန်မှာပင် မန်စီမြို့နယ်အတွင်းရှိ
နန့်လင်းပါကျေးရွာအနီးမှာ KIA မှ အစိုးရတပ်များကို ချောင်းမြောင်းပစ်
ခတ်တာတွေ လုပ်ခဲ့ကြောင်း သိရပါတယ်။
''အခု ပြန်ဖြစ်နေတယ်။ ညနေ ၃
နာရီ ကတည်းက ဖြစ်နေတာ။ ကျွန်တော်တို့ နယ်မြေထဲကို သူတို့ ၀င်လာလို့
ပြန်ပစ်ရင်းနဲ့ တိုက်ပွဲဖြစ်နေတာ'' လို့ ကေအိုင်အေ တပ်ရင်း-၁၂ တပ်ရင်းမှူး
ဗိုလ်မှူးဂျွန်းအောင်က Eleven Media ကို ပြောပါတယ်။
ဗိုလ်ချုပ်ဂွမ်မော်ကလည်း "နမ့်လင်းပါဆိုတဲ့ IDP စခန်းကို ကရုဏာ
ဖောင်ဒေးရှင်းကနေ ရိက္ခာအကူအညီလာပေးတယ်.. စစ်ကြောင်းတွေလည်း ပါလာတယ်..
ဒါကြောင့် တိုက်ပွဲ ဖြစ်ရတာပါ..." လို့ နိုဝင်ဘာ ၁၇ ရက်နေ့က
ရန်ကုန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
၂၀၁၃ ခု၊ အောက်တိုဘာ ၁၀ ရက်
နှင့် နိုဝင်ဘာ ၄ ရက်ဆွေးနွေးပွဲများက ပဋိပက္ခများကြောင့် ပုံမှန်
သွားလာနိုင်မှုမရှိသော အများပြည်သူ အသုံးပြုသည့်လမ်းများနှင့်
အရေးပါသောလမ်းများ ပုံမှန်ပြန်လည် သွားလာနိုင်ရေး နှစ်ဖက်ညှိနှိုင်း၍
အမြန်ဖွင့်လှစ်သွားရန် သဘောတူထားပြီး ဖြစ်ပါတယ်။
အောက်တိုဘာ
ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက်မှာ ပါဝင်တဲ့
ဗန်းမော်-နမ့်ခမ်းလမ်းပိုင်းကို ပြန်လည်ဖွင့်ရေးအတွက် သဘောတူ ထားသော်လည်း
ဗန်းမော်-နမ့်ခမ်းလမ်း တစ်လျှောက်၏ တံတားများ အားလုံးမှာ KIA တို့
ဗုံးခွဲထားသဖြင့် သွားလာလို့ မရနိုင်ဖြစ်နေကြောင်း သိရပါတယ်။
လမ်းနှင့်တံတားများကိုပြင်ဆင်ရန်အတွက် အင်ဂျင်နီယာများနှင့်
အလုပ်သမားများကို စေလွှတ်သော်လည်း ယခင် ရေအားလျှပ်စစ်
စက်ရုံပြင်ရန်သွားတဲ့ကားကို KIA မှ ပစ်ခတ်သတ်ဖြတ်ခဲ့ဖူးသဖြင့်
လုံခြုံရေးမရှိဘဲ ဝန်ထမ်းအဖွဲ့များက မသွားရဲကြဘူးလို့ သိရပါတယ်။
လမ်းပြင်အဖွဲ့ကို စေလွှတ်ရန်အတွက် လမ်းတစ်လျှောက်မှာရှိတဲ့ KIA အဖွဲ့များကို
လမ်းကြောင်းမှ ဖယ်ပေးရန်နှင့် လမ်းပြင်အဖွဲ့ လာရောက် မည်ဖြစ်ကြောင်း
ခေါင်းဆောင်ပိုင်းက ကြိုတင်သတိပေးထားပြီး၊ အစိုးရ တပ်များကို
ချောင်းပစ်ခြင်း၊ ၀င်ရောက်တိုက်ခိုက်ခြင်း မပြုဖို့ KIA တပ်များကို KIO
ဗဟိုက ညွှန်ကြားထားပြီး ဖြစ်ပေမယ့် အောက်ခြေတပ်ဖွဲ့များက လမ်းပြင်အဖွဲ့
လုံခြုံရေးယူတဲ့ စစ်ကြောင်းကို ချောင်းမြောင်းပစ်ခတ်တာ တွေ၊
မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်ခဲ့တဲ့အတွက် စစ်တပ်က အရပ်သားများကို
အကာအကွယ်ပေး ပြန်ပစ်ခတ် ရင်း ရွာသားအချို့ ဒုက္ခသည်စခန်းကို
ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။
အခြေအနေကို
ထိန်းသိမ်းနိုင်ရေးအတွက် ၁၇ ရက်နေ့ ရက်စွဲနဲ့ ကုလကိုယ်စားလှယ် မစ္စတာ
ဗီဂျေနမ်ဗီးယား မှ အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့ရပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့
ဆွေးနွေးပွဲမှာ အစိုးရ ဘက်မှာ အခန်း(၁၄)ခန်း၊ အချက် ၁၅ ချက် နှင့်
စာမျက်နှာ ၁၁ မျက်နှာပါရှိသော သဘောတူညီချက် စာချုပ်ကို ဆွေးနွေးခဲ့ပါတယ်။
မြစ်ကြီးနား ဆွေးနွေးပွဲကျင်းပစဉ်ကလည်း ဗီဂျေနမ်ဗီးယားအပါအဝင် အခြားဧည်သည်
ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားခဲ့ပြီးဖြစ်ရာ ဆွေးနွေးပွဲပြီးမှ
တိုက်ပွဲဖြစ်နေခြင်းမှာ နိုင်ငံတော်အတွက် များစွာ သိက္ခာကျစေပါတယ်။ KIA
အနေနဲ့ လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်တွေ၊ အများရှေ့မှာ ပေးခဲ့တဲ့
ကတိတွေအတိုင်း မြေဇာပင်ပြည်သူတွေကို ငဲ့ကာ အစိုးရလမ်းပြင်အဖွဲ့နှင့်
လုံခြုံရေးများကို ပစ်ခတ် နှောက်ယှက်ခြင်းများကို
ရပ်တန့်သင့်ပြီဖြစ်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။
ချစ်မောင်မောင်
No comments:
Post a Comment