Miss Grand International 2013 ပြိုင်ပွဲကိုသွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအလှမယ် ထားထက်ထက်ဟာ
Miss Grand International မှပေးအပ်တဲ့ Miss Popular Vote ဆု၊ T-Pageant
မှပေးအပ်တဲ့
People’s Choice Award ဆု၊ Global Beauties မှပေးအပ်တဲ့
Favourite Poll Winner ဆု၊ The Beauty Concept မှပေးအပ်တဲ့ People’s Choice
Award ဆုတွေကို ရရှိခဲ့သူပါ။ သူမကို လတ်တလောလှုပ်ရှားမှုနဲ့အတူ
ရှေ့ဆက်ပြီး လုပ်ဆောင်မယ့် ပရဟိတလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ကိုင်
ဆောင်ရွက် သွားမယ်ဆိုတာတွေကို မေးမြန်းဖြစ်ခဲ့ တာကတော့ ‘ညီမ
အခုလတ်တလောမှာတော့ နိုဝင်ဘာ ၃၀ရက်နေ့ မှာမန္တလေးမှာရှိတဲ့
မိဘမဲ့ကလေးကျောင်းကို သွားရောက် လှူဒါန်းဖို့ ရှိပါတယ်။ ပြီးရင် Sea
Gamesမှာထားထက်ထက် တစ်ထောင့်တစ်နေရာ ပါဝင်ပြီး အစွမ်းကုန် ကြိုးစားလုပ်
ဆောင်သွားမှာပဲဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ထားထက် ထက် အနုပညာအလုပ်
တွေကိုလည်း ဆက်လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ ထားထက်ထက် အရင်ကတည်းက
ဖြစ်ချင်တဲ့ အရာတစ်ခုက လှုဒါန်းမှုတွေပြုလုပ်တဲ့အခါ တကယ်လိုအပ်နေတဲ့ နေရာတွေ
ကိုလှူဒါန်းနိုင်ဖို့ အတွက် ဖောင်ဒေးရှင်းတစ်ခု ထူထောင်ပေးချင်တာပါ။
ထားထက်ထက် ဖောင်ဒေးရှင်းတစ်ခု ထူထောင် ပြီးထားထက်ထက် အသက်ရှိနေသရွေ့
ပရဟိတအလုပ်တွေ လုပ်ကိုင်ဆောင်ရွက်သွားပါမယ်။ အဲဒီလို ပရဟိတအလုပ်တွေ
လုပ်ကိုင်ရတာကိုလည်း ၀ါဿနာပါလို့ပါ။ ပြီးတော့ ဆက်လက်ပြီးတော့ လည်းထားထက်ထက်
ရဲ့ Professional အလုပ် ဖြစ်တဲ့ ကျွမ်းဘားကစားတာကိုလည်း ဆက်ပြီး
ကစားသွားမယ်။ ပြီးရင် ကျွမ်းဘားကစားတဲ့ နောက်မျိုးဆက်သစ်တွေ အတွက်လည်း
ဖြန့်ဝေပေးသွားမယ်။ ဒါ့အပြင် အသစ်အသစ် တွေပေါ်လာကြမယ့် Miss တွေကိုလည်း
ထားထက်ထက် တို့ထက် ပိုတော်အောင်၊ ဆုတွေရလာ နိုင်အောင်လို့
ကိုယ့်မှာတတ်ထားတဲ့ အရာလေးတွေနဲ့ အတွေ့အကြုံတွေ ကိုသူတို့လေးတွေ
သိအောင်လို့ ဖြန့်ဝေပေး သွားမှာဖြစ် ပါတယ်’လို့ ပြောပြခဲ့ပါတယ်။
Trend Myanmar
No comments:
Post a Comment