တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်
ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့ည ၇ နာရီခွဲက နေပြည်တော်ရှိ ဇေယျာသီရိ
အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားသည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ
အားကစားပြိုင်ပွဲများမှ ဘောလုံး အားကစားပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်
ကစားနေမှုများကို တက်ရောက် ကြည့်ရှု အားပေးသည်။
ပြိုင်ပွဲသို့ ဒုတိယ
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)မှ ဒုတိယ
ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကျန်းမာရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်၊ အားကစား ၀န်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)
ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့်ဇနီး ဒေါ်မာမာဝေ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ
အဖွဲ့ချုပ် တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း
စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေးနှင့် တာဝန်ရှိသူများ၊
အားကစားဝါသနာရှင် ပရိသတ်များ တက်ရောက်ကြည့်ရှုအားပေးသည်။
အဆိုပါ
ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ထိုင်းနိုင်ငံ ဘောလုံးအသင်းနှင့်
အင်ဒိုနီးရှားနိုင်ငံ ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ထိုင်းနိုင်ငံ
ဘောလုံးအသင်းက အင်ဒိုနီးရှားနိုင်ငံ ဘောလုံးအသင်းကို တစ်ဂိုး-
ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ အမျိုးသား
ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ တတိယဆု ရရှိသော
စင်ကာပူနိုင်ငံ ဘောလုံး အသင်းအား ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ ဖေသက်ခင်က ကြေးတံဆိပ်ဆုများအား လည်းကောင်း၊ မြန်မာနိုင်ငံ ဘောလုံး
အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အမှတ်တရ အရုပ်များအား လည်းကောင်း၊
ဒုတိယဆုရရှိသော အင်ဒိုနီးရှားနိုင်ငံ ဘောလုံးအသင်းအား ဒုတိယ တပ်မတော်
ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)မှ ဒုတိယ
ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ငွေတံဆိပ်ဆုများအား လည်းကောင်း၊
အင်ဒိုနီးရှားနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ Mr. Johar Arithin Huseih က
အမှတ်တရ အရုပ်များအား လည်းကောင်း၊ ပထမဆုရရှိသော ထိုင်းနိုင်ငံ
ဘောလုံးအသင်းအား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
ရွှေတံဆိပ်ဆုများနှင့် ထိုင်းနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ Mr. Dato'
Warawi Makudi က အမှတ်တရအရုပ်များ ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း
သတင်းရရှိသည်။
MOI
No comments:
Post a Comment