တစ်ချိန်ကမူ သူမ၏မိခင် မယ်လီနာက ဖိအားများလွန်းသည့် အသက်မွေးအလုပ်ကို လုံးဝ မနှစ်သက်ဘဲ တားဆီးခဲ့ကြောင်း စကားလက်က ဝန်ခံခဲ့သည်။
စကားလက် ဂျိုဟန်ဆန်၏ မိခင်ဖြစ်သူက
သမီးကို မင်းသမီးတစ်ဦး ဖြစ်မလာရန် အားထုတ် တားဆီးခဲ့ဖူးကြောင်း
သိရှိရသည်။ Avengers: Age of Ultronစတား မင်းသမီးသည် ယခုအခါ ဟောလီးဝုဒ်၏
အောင်မြင်မှု အကြီးဆုံး ကြယ်တစ်ပွင့်အဖြစ် ရပ်တည်နေပြီ ဖြစ်သည်။
သို့သော်လည်း တစ်ချိန်ကမူ သူမ၏မိခင် မယ်လီနာက ဖိအားများလွန်းသည့်
အသက်မွေးအလုပ်ကို လုံးဝ မနှစ်သက်ဘဲ တားဆီးခဲ့ကြောင်း စကားလက်က ဝန်ခံခဲ့သည်။
"ကျွန်မရဲ့ မေမေက သရုပ်ဆောင် အလုပ်ကို ကျွန်မ လုံးဝလုံးဝ
မပတ်သက်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက မင်းသမီးဆိုတာ ပြိုင်ဆိုင်မှု
ပြင်းထန်လွန်းပြီး စိတ်ဖိစီးမှု သိပ်များလိမ့်မယ်လို့ ယူဆထားတယ်လေ"ဟု
စကားလက်က ဆိုသည်။
အသက်(၂၉)နှစ်ရှိပြီဖြစ်သော မင်းသမီး၏ အမည်ကို
တစ်ချိန်က နာမည်ကျော်ကြားခဲ့သည့် တေးသရုပ်ဖော်ရုပ်ရှင် Gone With The
Windမှ အဓိက ဇာတ်ရုပ်ဖြစ်သည့် စကားလက် အိုဟာရာကို အစွဲပြု
မှည့်ခေါ်စေခဲ့ခြင်း ဖြစ်သည်။ စကားလက်က "ကျွန်မကို မင်းသမီးလုပ်ဖို့
အားပေးတာ အစ်ကိုကြီး အက်ဒရီယန် တစ်ယောက်ပဲ ရှိတယ်"ဟုလည်း စကားလက်က ဆိုသည်။
Under The Skinစတား မင်းသမီးက "ကျွန်မက ငယ်ငယ်လေး ကတည်းက သီချင်းဆိုလိုက်၊
ကလိုက်နဲ့ အနုပညာပိုးကို ထုတ်ပြနေတဲ့ ကလေးတစ်ယောက်ပါ"ဟုလည်း
ပြောဆိုသွားသည်။
Planet Myanmar
No comments:
Post a Comment