လားရှိုးမြို့နယ် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် တရုတ်ပြည်သို့
တရားမ၀င် သယ်ဆောင်နေသော ကျွဲနွား မှောင်ခိုသမားများ
လွန်စွာများပြားလာခြင်းကြောင့် ဒေသခံ တိုင်းရင်းသားတောင်သူများ၏
ကျွဲနွားများမှာ မ ကြာခဏ ပျောက်ဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။
“ကျွဲနွားတစ်ကောင်ကို အခုကာလပေါက်
ဈေးက
ကျပ်သိန်းနှစ်ဆယ်ကျော်လောက် တန်ဖိုးရှိနေတော့ ကျွန်တော် တို့ခိုင်းနေတဲ့
ကျွဲနွားတစ်ကောင်ပျောက်သွားရင် တစ်ကောင်ပြန်ဝယ်ဖို့ဆိုတာ
မလွယ်ဘူးဖြစ်နေတယ်။ ကျောက်မဲ၊ နမ့်ဆန်ဘက်က မှောင်ခိုမောင်းလာတဲ့
ကျွဲနွားအုပ်စုတွေက ကျွန်တော်တို့ရွာနားကတစ်ဆင့် လားရှိုးဆင် ဆောင်နောက်
ကျောအတိုင်း ကွတ်ခိုင်ဘက်ကို တောလမ်းအတိုင်းမောင်းသွားကြတာပါ။
ဒေသခံမှောင်ခိုကုန် သည်တွေကလည်း ဒီမှာတင်တစ်ကောင်ခြင်း ၀ယ်စုနေကြတာဆိုတော့
ကျွဲနွားပျောက်သွားရင် ရှာဖို့မလွယ်ဘူး၊ အိမ်မှာရှိတဲ့ ကျွဲနွားတွေကို
အရင်ကလို လူမပါပဲစားကျက်မှာ လွှတ်မထားရဲကြတော့ဘဲ အထူးဂရုစိုက်နေရပါတယ်”ဟု
ဒေသခံရွာသားများ၏ ရှင်းပြချက်အရ သိရသည်။
ကျွဲနွားမှောင်ခိုသယ်ဆောင်သူများသည်
ပြည် ထောင်စုလမ်းမကြီးအတိုင်း ကားကြီးများဖြင့် သယ်ဆောင်မှု ရှိသကဲ့သို့
အချို့မှာ တောလမ်းအတိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိရွာများသို့ အရောက်ပို့ဆောင်ရောင်းဝယ်ကြပြီး ကွတ်ခိုင်မြို့နယ်မှ တစ်ဆင့် တရုတ်ပြည်နယ်စပ်သို့ ဆက်လက်ပို့ဆောင်သူများ ရှိနေကြကြောင်းသိရသည်။
အဆိုပါ တရားမ၀င်ကျွဲ၊နွားမှောင်ခို သမားများ ပပျောက်ရေးအတွက် ဒုပြည်နယ်
အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး
ဦးပြည့်ဖြိုးငြိမ်း ဦးဆောင်သည့် ပူးပေါင်း (mobile team) အဖွဲ့မှ ရှာဖွေ
စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်လျှက်ရှိရာ ဒီဇင်ဘာ(၂၀)ရက်နေ့က
တရားမ၀င်ကျွဲနွားများကို တင်ဆောင်လာသော မန်းလေးဘက်မှ လာသည့်
ဆယ့်နှစ်ဘီးတပ်မော်တော်ယာဉ်နှစ်စီးကို
လားရှိုးအထွက်ရှိ ခေးနင်းရွာအေးရှားဝေါလ် တိုးဂိတ်တွင် နွားကောင်ရေ
စုစုပေါင်း(၄၆)ကောင်နှင့်အတူ ဖမ်းဆီးရမိသဖြင့် လားရှိုးမြို့နယ်
စည်ပင်သာယာဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကိုအား
လွှဲပြောင်းပေးအပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
တင်ဦး(စောထ)
မြန်မာ့ခေတ်
No comments:
Post a Comment